လုံခြုံရေးဝန်ထမ်းက လူငယ်လေးရဲ့စကားကို သိပ်မယုံကြည်သေးပေမယ့် အဆောက်အဦးအတွင်းကိုတော့ ဝင်ခွင့်ပြုလိုက်သည်။ ဒါပေမယ့် သူ့အဖော်တစ်ယောက်ကို သူ့အစား အပြင်မှာ ခေတ္တစောင့်ကြပ်ခိုင်းလိုက်ပြီးတော့ သူကတော့ လူငယ်လေးနှင့်အတူ လိုက်ပါလာသည်။

"မင်းရှာချင်တဲ့လူကို သူ့ကိုမေးလိုက်ပါ။"
လုံခြုံရေးဝန်ထမ်းက ကောင်တာတွင်မတ်တပ်ရပ်နေသောမိန်းကလေးတစ်ယောက်ကို မေးငေါ့ပြလာသည်။

"ဟုတ်ကဲ့။ ဘယ်သူ့ကိုရှာချင်လို့ပါလဲရှင်။"
ထိုမိန်းကလေးက လူငယ်လေးကိုတစ်ချက်ကြည့်ကာ မေးလာသည်။ သူမက ဖော်ရွေတဲ့အပြုံးကိုပြုံးထားကာ ဧည့်သည်တိုင်းကို ပျူငှာစွာဆက်ဆံသည်။

"ဒီ..မိန်းကလေးကိုပါ။"
ထိုစကားနှင့်အတူ လူငယ်လေးဟာ သူ့ထက်တော်တော်လေးပုသော မိန်းကလေးကိုကြည့်လိုက်ပြီးနောက် ကိုယ်လုံးတစ်ဝက်ထိပါသော လှပသောမိန်းကလေးတစ်ယောက်၏ဓာတ်ပုံတစ်ပုံကို ကောင်တာစားပွဲပေါ်တင်ပေးလိုက်သည်။

ထိုဓာတ်ပုံကိုမြင်တော့ လုံခြုံရေးဝန်ထမ်းရော၊ မိန်းမလှလေးပါ အေးခဲသွားရသည်။ အရင်ဆုံးအသိဝင်လာသူက လုံခြုံရေးဝန်ထမ်းဖြစ်ပြီး သက်ာမကင်းမေးလာပြန်သည်။
"မင်းက ဘာလို့ သူမကိုရှာနေရတာလဲ။ မင်းနဲ့ဘာတော်လို့လဲ။"

"သူမက ဆိုဖီယာပါ။ ကျွန်တော်နဲ့ဘာမှမတော်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အစ်မအရင်းလိုပါပဲ။ သူမကိုမတွေ့တာတော်တော်ကြာနေတဲ့အပြင် ဖုန်းဆက်တာမကိုင်ဘူး။ အိမ်ကိုသွားရှာတော့လည်း မတွေ့တာမို့လို့၊ အိမ်နီးချင်းတွေကိုမေးကြည့်တော့ သူမက ဒီကိုရောက်နေတယ်ဆိုလို့ပါ။"
လူငယ်လေး၏စကားတွေက ပြစ်ချက်မရှိပေ။

"အဲ့ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲ။ မင်းကို သူတို့နေရာအမှားကြီးပေးလိုက်တာဖြစ်မယ်။ မင်းရှာနေတဲ့မိန်းကလေးက ဒီမှာမရှိဘူး။"
လုံခြုံရေးဝန်ထမ်းက ပြောလာသည်။ လူငယ်လေးကြည့်လိုက်တော့ ၎င်းက ထပ်ပြောလာသည်။
"ငါ့မှာလည်း ဒီမှာရှိတဲ့လူတွေရဲ့စာရင်းတွေအကုန်ရှိတယ်။ မင်းရှာနေတဲ့တစ်ယောက်က တကယ်ဒီမှာမရှိဘူးကွာ။"

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now