သူစိမ်း(part-28)[Zawgyi& Unicode]

Start from the beginning
                                    

"မသိပါဘူး အကိုရယ်... ခဏနေသိရတော့မှာကို"

Party က မိသားစုနဲ့သူငယ်ချင်းတွေကြားလုပ်တဲ့အသေးစားပါတီဖြစ်တယ် မိသားစု၀င်တွေဘဲရှိတာမို့ အကို့မိဘတွေခြံမှာဘဲ လုပ်ဖြစ်သည် အကိုကော liam ကောအပြာတို့ပန်းရောင်တို့မ၀တ်ဘဲ liam၀တ်ချင်တဲ့ နီညိုရောင်ကိုသာ၀တ်ထားကြသည် အကိုကနီညိုရောင်ရှပ်ကို၀တ်ကာ ဆံပင်ကိုရုံးတက်ရင် ထားနေကျပုံစံအတိုင်းသပ်မတင်ဘဲနှာဖူး‌ပေါ်ဝဲကာချထားတာကြောင့် တစ်မျိုးလေးကြည့်ကောင်းနေသည် liam ကတော့နီညိုရောင် ဂါ၀န်ကိုသာရိုးရိုးလေး၀တ်ဆင်ထားသည် မိတ်ကပ်အထူကြီးမလိမ်းချင်တာကြောင့် ကြည့်ကောင်းရုံပါးပါးသေးလားလိမ်းထားသည်

"Liam ငါကတော့ boy ဘဲနော်"
အနားသို့လာကာတီးတိုးဆိုလာသည့်သူရသူ့မှာအရမ်းတက်ကြွနေသည် အခုလည်းအပြင်အဆင်ကို သူနဲ့အမှုံကလုပ်ပေးထားတာဖြစ်သည်

"သမီးဆိုရင်ကော ဘာလို့လဲ"
liam ဗိုက်ကအသက်‌လေးက သမီးဆိုသူတို့မချစ်တော့ဘူးလား အခုထဲက ညီတူညီမျှမရှိကြတာလား

"ငါက သမီးဆိုလည်းချစ်မှာဘဲ မိန်းကလေးက အငယ်ဆိုမှ ငါတို့ကိုဆိုးလို့ကောင်းမှာလေ အကြီးဆို အေးနေလိမ့်မယ် ငါကသမီးဆိုးလေးလိုချင်တာ"

သူရကတော့ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာဘဲ သူကရှေ့ရေးကိုliamတို့ထက်တောင် ကြိုတွေးထားသေးသည် မလွယ်ပါဒီဦးလေးတစ်ယောက်နဲ့တော့...

ကိုခန့်ကနောက်ကျနေတာမို့စောင့်နေရသေးသည် သူမလာမချင်းမလုပ်ကြနဲ့တဲ့ဖုန်းဆက်ကာ ခဏခဏပြောသေးသည်
ခဏကြာတော့ ကိုခန့်လည်းရောက်ပြီမို့အဆင့်သင့်ဖြစ်နေကြပြီ အကိုနဲ့ကိုယ်က ရင်အခုန်ဆုံးဖြစ်လိမ့်မည်......
ဘာလေးလဲဆိုတဲ့ကိုယ်စားပြု ဖဲကြိုးလေးတွေဟာ ဘောလုံးလေးထဲအသင့်အနေအထားသို့ရောက်နေပြီဖြစ်သည် ဘောလုံးလေးကိုချည်ထားတဲ့ကြိုးလေးကို နှစ်ယောက်သားအတူတူဆုပ်ကိုင်ထားရင်းခံစားရတဲ့ ခံစားချက်တို့က ထူးခြားနေသည် liam လက်တို့မှာ ရင်ခုန်လွန်းလို့အေးတောင်အေးစက်နေသည်

*1,2,3* နံပတ်စဉ်တို့ဆုံးသွားတဲ့နောက် ဘောလုံးလေးထက်ကျလာတဲ့အပြာရောင် ဖဲကြိုးသေးလေးတွေကြောင့် သားလေးဆိုတာသိလိုက်ရပြီ.....
သားလေး တဲ့ liam မှာငိုတောင်ငိုမိတယ် အကိုကလည်း၀မ်းသာလွန်းကာ ထတောင်အော်သည် သားလေးတဲ့ ဒါဆို အသက်လေးရဲ့နာမည်ရင်းက အကိုပေးထားတဲ့ သက်ခ ဆိုတဲ့အမည်နာမလေးခေါ်တွင်ခံရတော့မည်

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now