ဒါက ပွင့်လင်းပြီးဟန်မဆောင်တတ်တဲ့ရှန့်ကွမ်းချင်းရော့ပင်။

ရှန့်ကွမ်းချင်းရော့ရဲ့ခန္ဓာကိုယ်ထဲကို ဝိဉာဉ်ကူးပြောင်းလာတဲ့သူက အရမ်းကြီးအသက်မကြီးလောက်ဘူးလို့ နဉ်ရှုတွေးလိုက်မိသည်။

ဝိဉာဉ်ကူးပြောင်းလာပြီးတော့ သူမက မကြာခင်မှာပဲ ပျော်ရွှင်မှုကိုရှာတွေ့သွားတယ်။ သူက ယောက်ျားတွေထဲက ထူးချွန်ထက်မြက်တဲ့မင်းသားတွေရဲ့ ပိုးပန်းတာကိုခံရပြီး အဆုံးကျတော့ အရမ်းချစ်မြတ်နိုးခံရတဲ့မိဖုရားကြီးဖြစ်လာတယ်။

ရှန့်ကွမ်းချင်းရော့က အရမ်းကိုလှတဲ့အမျိုးသမီးလေးဖြစ်ပေမယ့်လည်း နဉ်ရှုကတော့ ရှန်းကွမ်းချင်းရော့တစ်ယောက် ဂန်းနမ်းစတိုင်အကကိုကပြီး ရိုးရိုးခေတ်သစ်သီချင်းတွေဆိုနေတာကို စိတ်ကူးကြည့်မိပြီး စိတ်မပျက်ဘဲမနေနိုင်ခဲ့။

ကောင်းပြီလေ၊ အဲ့မင်းသား‌လေးတွေအတွက် အဲ့အကျင့်စရိုက်က အရမ်းထူးခြားနေတာဖြစ်မှာပေါ့။

နဉ်ရှု သိချင်နေမိသည်။ ရှန့်ကွမ်းချင်းရော့နဲ့ ရွှမ်ဟုန်ယွီက လိင်ကွဲပြားပေမယ့် အခန်းတစ်ခုတည်းမှာ နှစ်ယောက်တည်းရှိနေကြတယ်။ ဒါက ရှန့်ကွမ်းချင်းရော့ရဲ့ဂုဏ်သတင်းအတွက် အရမ်းကြီးဆိုးလွန်းမနေဘူးလား?

တစ်ခြားမိန်းမတွေက သူတို့ရဲ့ဂုဏ်သတင်းကို အရမ်းဂရုစိုက်ကြပေမယ့် ရှန့်ကွမ်းချင်းရော့ကတော့ ဘယ်တုန်းကမှဂရုမစိုက်ခဲ့ဘဲ သူမကိုကြိုက်တဲ့ယောက်ျားတွေကလည်း ဂရုမစိုက်ကြဘူး။

ဥပမာပြောရမယ်ဆို၊ ပဉ္စမမင်းသားက ညကြီးမှာတောင် ခဏခဏအလည်လာတတ်တယ်။

နဉ်ရှုက အဲ့နေရာမှာ မလှုပ်မယှက်နဲ့ သစ်သားတိုင်ကြီးလိုရပ်နေလေ၏။

နောက်ဆုံး၌မူ ရွှမ်ဟုန်ယွီက သူ့စုတ်တံကိုချလိုက်‌သည်။ ရှန့်ကွမ်းချင်းရော့က ပန်းချီကားကိုကောက်ကာကြည့်သည်။

"ငါက ဘယ်လိုလုပ်ဒီလောက်တောင်ရုပ်ဆိုးနေရတာလဲ? နင် ငါ့ကို ရုပ်ဆိုးဆိုးကြီးဆွဲထားတယ်။"

"မင်းက ရုပ်မဆိုးပါဘူး၊ ကိုယ်က မင်းရဲ့အလှကိုမဆွဲနိုင်တာပါ။"

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now