"ငယ် ဘာဖြစ်လို့တုန်း ဘယ်နားနာသွားလို့လဲ "
"အီးဟီး joon ရေ joon "
အငိုသန်လေးက မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျကာ
သူ့သူငယ်ချင်းကို အော်ခေါ်နေလေသည်
"ငယ် တိတ် ဘာလို့ငိုပြန်တာတုန်း ကိုယ်ကမေးရုံလေးတင်လေ "
"မဖြေချင်ဘူး joon ကိုခေါ်ပေး ဟင့် ခေါ်ပေးလို့"
စိတ်မရှည်တော့ဘူး....
ငိုနေတဲ့ကောင်လေးကို တင်ပါးကနေဆွဲမပြီး ချီပစ်လိုက်တော့
အလန့်တကြားနဲ့ လည်ပင်းကိုသိုင်းဖက်လာသလို ခြေထောက်လေးတွေက ခါးမှာချိတ်ပြီးသား
"ဟင့် ဘာလုပ်တာလဲ ချပေး "
"စိတ်မရှည်တော့ဘူး "
ပြောပြောဆိုဆိုနဲ့ ထိုအကောင်ပေါက်ကိုချီကာ ကျောင်းခေါင်မိုးပေါ်
ကိုချီပြီး တက်လာခဲ့လိုက်သည် ဒါတောင်ရုန်းကန်နေသေးလို့
ခေါင်မိုးပေါ်ရောက်ရင် ပစ်ချလိုက်မယ်ဟု ချိန်းခြောက်လိုက်မှသာ
လည်ပင်းမှာ မျက်နှာအပ်လို့ ရှိုက်သံတငင်ငင်နဲ့ ပါလာခဲ့သည်
"ငယ် ဆင်းအုံး "
"ဟင့်အင်း ဟင့်"
ခေါင်းလေးတစ်ခါခါနဲ့ ငြင်းနေပုံက သူ့ကိုပစ်ချမှာ
ကြောက်နေပုံ...... မထူးတော့ဘူး ငယ့်ကိုချီလျက်နဲ့ပဲ
ခုံမှာ၀င်ထိုက်လိုက်တယ်
"ကဲပြော ဘာတွေပြောလို့ ကိုယ့်ကိုရှောင်နေတာလဲ "
"မပြောပါဘူးဆို "
"မပြောရင်ပစ်ချမှာနော် "
"ကြောက်တယ်လို့ ပစ်ချနဲ့ ဟင့်"
"အဲ့တာဆိုပြောလေ ငယ် "
"အဲ့တာက... "
".........."
"ကိုကိုကပြောတယ် Kim V ကိုရှောင်တဲ့
အဲ့လူကမကောင်းတဲ့လူကြီးတဲ့ သူနဲ့သွားပတ်သတ်ရင် bibi
ပဲခံစားရမယ်တဲ့ ဝေးဝေးကရှောင် စကားလဲမပြောနဲ့ နှုတ်လဲမဆက်နဲ့တဲ့ ပြီးတော့... ......"
".....ပြီးတော့ ဘာဖြစ်လဲ.. "
"သူက နှာဘူးကြီးတဲ့ "
"အဟက်"
ကြည့်ရတာ ကောင်လေးအစ်ကိုက ရုပ်ရှင်နဲ့ပတ်သတ်နဲ့
ကုမ္ပဏီ တစ်ခုခုကဖြစ်မယ် အဲ့တာကြောင့် ကိုယ်ပွေတာရှုပ်တာတွေ
ကြားပြီး သူ့ညီကို ခံစားရမှာကြောက်နေပုံ...
စိတ်ချပါ ယောက်ဖရေ ငယ်ကတော့အတည်...
✨part 3✨
Start from the beginning
