5.2

373 83 1
                                    

Ch 5.2 - OK, This is Disco Entertainment Room 508.....

unicode >>

"အိုကေ, ဒါကတော့ ဒစ်စကို အန်တာတိမ်းမန့်ရဲ့ အခန်းနံပါတ် 508, ပျော်စရာတွေအတွက် နေရာပါပဲ! ဒီ mixtape ကတော့ ကျွန်တော်တို့ရဲ့ DJ သွမ့်ထုံ သေသေချာချာ ဂရုတစိုက်နဲ့ ဖန်တီးထားတာပဲဖြစ်ပါတယ် ။ FEEL THE BEAT! SHAKE IT WITH ME!"

လင်းဖေးရန် နေရာမှာတင် တောင့်ခဲသွားသည်။

ဒါ... သီချင်းဖွင့်ပြီးရင် လူအုပ်ကို ပိုကြွအောင် MCတွေအော်တဲ့ဟာမျိုးမဟုတ်ဘူးလား။

"YEAH~ YEAH~ GHOST LADIES AND GHOST GENTLEMEN, စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်လိုက်ကြရအောင် ! မင်းတို့အရိုးပြာအိုးတွေ လေထဲကို မြှောက်ထားလိုက်!" ထူးဆန်းသည့် ယောက်ျားအသံသည် စိတ်လက်ထက်သန်စွာပဲ ဆက်အော်နေသည်။

Ghost ladies and ghost gentlemen? အရိုးပြာအိုး?

ထိုစကားလုံးများသည် လင်းဖေးရန်၏ တုန်တုန်ယဉ်ယဉ် နှလုံးသားလေးကို ထပ်မံခြောက်လန့်လိုက်ပြန်သည်။ သူ၏ကျောရိုးများသည် ဖြောင့်မတ်သွားပြီး ဆံပင်မွှေးများ မိုးထိုးအောင် ထောင်ကုန်သည်။ သူ့နှုတ်ခမ်းများကို ဖြူလျော့်သည်ထိ ကိုက်နေမိသည်, အောက်ကို ငုံ့ကြည့်လိုက်သည်။

သူ ကြောက်ရွံ့မှုကြောင့် သေတော့မည် -- သူ့အခန်းသည် သရဲတွေနှင့် ပြည့်နှက်နေသည်။

သူ့ကိုယ်သူ ကြိုတင်ပြင်ဆင်ထားသောကြောင့် အရာအားလုံးကို ပို၍ရှင်းရှင်းလင်းလင်းမြင်ခဲ့ရသည်။ ဖြူဖျော့နေသည့် မျက်နှာနှင့် သရဲများသည် ရူးသွပ်စွာ ကခုန်နေကြသည်။ တချို့က ကရင်း စက္ကူ ပိုက်ဆံများကို ပစ်ကြဲနေသေးသည်။ တချို့ကမူ လင်းဖေးရန်နှင့် ကူခိုင်ဖုန်းတို့၏ စာကြည့်စားပွဲပေါ်တွင် လေဂစ်တာတီးနေကြသည်။ (ဘာမှမရှိတဲ့လေကို ဂစ်တာပုံလုပ်တီး) ထိုအဖွဲ့၏ ခေါင်းဆောင်သည် သူ၏ခေါင်းကို သတိမမူဘဲ ပြင်းပြင်းလေး ရမ်းခါလိုက်ချိန်တွင် သွေးသံရဲရဲ မျက်လုံးသည် မျက်လုံးအိမ်ထဲမှ လွင့်ထွက်သွားတော့သည်....

တော်တော်ကို လျပ်ပြာနိုင်တာပဲ

ခေါင်းဆောင်သူသည် လန့်၍ထအော်လိုက်ပြီး ဒူးထောက်ကာ မျက်ကပ်မှန်ပျောက်သွားသည် လူတွေလိုပဲ သူ့မျက်လုံးကို လိုက်ရှာနေသည်။

Don't You Like Me // မင်းငါ့ကို မကြိုက်ဘူးလား [ မြန်မာ ဘာသာပြန် || BL ]Where stories live. Discover now