Story description

8.2K 255 4
                                    

အရင်အကောင့်မှာ ၂ပိုင်းတင်ပြီးသွားပေမဲ့ အဲ့အကောင့်ထဲ ဝင်မရတော့လို့ အစကပြန်တင်လိုက်မယ်နော်

__________________________

ဇာတ်လမ်းလေးက ကိုယ်ဖတ်ပြီးတဲ့ထိတော့ပေါ့ပေါ့ပါးပါးလေးပဲ ။
ကိုယ်လည်းပြီးအောင် မဖတ်ရသေးတော့ ပြန်ရင်းတူတူလိုက်ဖတ်မလို့

ဇာတ်လမ်းကတော့ အမြဲတမ်းလူတွေရဲ့  အာရုံဖမ်းစားခဲ့ပြီး လူကြိုက်များတဲ့ ကျောင်းသားတစ်ယောက်က ဘော်ဒါကျောင်းတစ်ကျောင်းကို ပြောင်းဖို့ အခြေအနေဖန်လာသည်။ 
အဲ့ကျောင်းမှာ သူရဲ့ အောင်မြင်ကျော်ကြားမှုတွေက ကျောင်းသားတစ်ယောက်ရဲ့ ခိုးယူခြင်းခံလိုက်ရတယ်။ အဲ့တစ်ယောက်က ယောကျ်ားပီသပြီး အရပ်ရှည်ရှည်နဲ့ အရမ်းချောတဲ့အပြင် ဘက်စုံထူးချွန်တယ်လို့ပြောလို့ရတယ်။ သူတို့နှစ်ယောက်ရဲ့ ပုံပန်းသဏ္ဋာန်က လုံးဝဆန့်ကျင်ဘက်ပဲ..

လင်ဖေးရန်က လူတိုင်းက ကူခိုင်ဖုန်းပဲ ကြိုက်နေတော့ မနာလိုပြီး သူ့ကို ကြည့်မရတော့ဘူး.. ကူခိုင်ဖုန်းကို သူ့ရန်သူတော်ကြီးကို သတ်မှတ်ထားတယ် (တစ်ဖက်သက်)
သူတို့နှစ်ယောက်က တစ်ခန်းထဲတူတူနေပြီး တစ်ယောက်နဲ့တစ်ယောက် သေလူလို သဘောထားပြီး မသိချင်ယောင်ဆောင်နေကြသည်။

နောက်တော့ လင်ဖေးရန်က ယင် ယန် စွမ်းအင်ရှိသည့် မျက်လုံးကို မသိဘဲ အမွေရလိုက်ပြီး သူ့ရန်သူတော်ကြီးကို လိုက်ကပ်ရတော့သည်။ ဘာလို့လဲဆိုတော့ ယင်ယန်မျက်လုံးကြောင့် သူသရဲတွေမြင်ရတာက ကူခိုင်ဖုန်းကို ထိလိုက်ရင် ပျောက်သွားလို့ပေါ့...

အဲ့ဒါကြောင့် ကူခိုင်ဖုန်း အိပ်ရင် ကပ်ပြီး ဝင်အိပ်တယ်, အိမ်သာသွားရင်လည်း ခေါ်သွားတယ်, အတန်းထဲလည်း ဆရာကို အတင်းကူခိုင်ဖုန်းနဲ့ တူတူထိုင်ရအောင်ပြောပြီး ခုံအောက်ကနေ ခြေသလုံးကို လာလာထိတယ်..

အစကတော့ သူကို ဆက်ဆံတာ လုံးဝပြောင်းလဲသွားသည့် လင်ဖေးရန်ကို ကြည့်ပြီး လန့်နေပေမဲ့ တဖြည်းဖြည်းနဲ့ သူလည်း ကြွေဆင်းလာတယ်... အဲ့ဒါကြောင့် လင်ဖေးရန်နောက်ကို တစ်ကောက်ကောက်လိုက်တယ်.. ဖက်တယ်... နံရံပေါ်တွန်းပြီး နမ်းတယ်... စသည်ဖြင့်ပေါ့

ကူခိုင်ဖုန်း - "မင်း ငါ့ကို မကြိုက်ဘူးလား? ငါမင်းကို ကြိုက်တယ်.. ငါတို့ တွဲရအောင်"

လင်ဖေးရန် - "ငါမင်းကို မကြိုက်ဘူး !  ငါ့နားမလာနဲ့"

ကူခိုင်ဖုန်း - "........."

ငါးမိနစ်ကြာသော်... သရဲတွေမြင်ခြင်းမှ ရှောင်ရန် တိတ်တိတ်လေး ကူခိုင်ဖုန်းကို လာထိသည်။
ကူခိုင်ဖုန်းက သူ့လက်ကို ဖယ်လိုက်ပြီး "မင်း ငါ့ကို ခုပဲ ငြင်းပြီး ဘာလို့ ငါ့ကို ပြန်လာကြောင်နေတာလဲ?"

လင်ဖေးရန် - "ဘယ်သူက မင်းကို ကြောင်နေလို့လဲ ? ငါ့ဘာသာ သတိမထားမိလို့ မင်းကို ထိမိသွားတာနဲ့ မင်းကို ပြန်ကြိုက်မယ်မထင်နဲ့"

အိုး......အဲ့ဒါပါပဲ

Don't You Like Me // မင်းငါ့ကို မကြိုက်ဘူးလား [ မြန်မာ ဘာသာပြန် || BL ]Where stories live. Discover now