1

1.5K 119 5
                                    


Ch 1 - There are 108 billion humans who have died on Earth

ဂီတခန်းထဲတွင် လင်ဖေးရန် pianoပေါ်တွင် ထိုင်လျက် သူ့ရဲ့ ဂီတနုတ်စာရွက်တွေကို ကြည့်နေသည်။

အဲ့ဟာကတော့ သူနောက်တစ်ပတ်နေရင် ကျောင်းရဲ့ အနုပညာပွဲတော်မှာ သူတစ်ကိုယ်တော် ဖျော်ဖြေရမည့် ဂီတစာရွက်ဖြစ်သည်။ အထက်တန်းစတက်ထဲက လင်ဖေးရန်၏ နေ့စဥ် pianoလေ့ကျင့်ခြင်းများ အလွန်လျော့နည်းလာသည်။ လက်တလော ကျောင်းပြောင်းလာရပြီး ပတ်ဝန်းကျင် အသစ်ကြောင့် သူ pianoကို မထိနိုင်သည်မှာ တစ်လနီးပါးရှိပြီ။ တစ်ချိန်က မျက်စိမှိတ်ပြီး တီးနိုင်ခဲ့တဲ့ ဂီတက ခုတော့ ရင်းနီးကျွမ်းဝင်ခြင်း မရှိ တော့ပေ။

လင်ဖေးရန် စာရွက်ကို နောက်တစ်ခေါက်ထပ်ကြည့်လိုက်သည်။ ထောက်တိုင်တွင် နုတ်စာအုပ်ကို ထောင်လိုက်ပြီး pianoတီးရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်တွင် ဩရှရှနှင့် သာယာဖွယ်ကောင်းသည့် အသံသည် သူ၏နားထဲဝင်ရောက်လာသည်.. "ကျွန်တော်တို့ ကျောင်းရဲ့ လေးကြိမ်မြောက် ယဥ်ကျေးမှုနှင့် အနုပညာပွဲတော်ကို ဒီနေ့မှာ စတင်လိုက်ပါပြီ.. ယဥ်ကျေးမှုသည် ကျွန်တော်တို့ ကျောင်း၏ စိတ်ဓာတ်, အနုပညာကို တွန်းအားပေး...."

လင်ဖေးရန် မနေနိုင်တော့ပဲ အသံထွက်လာရာကို တစ်ချက်ကြည့်လိုက်သည်။

ဂီတခန်း၏ရှေ့တွင် ကျောင်းသားတစ်ယောက်နှင့် ကျောင်းသူတစ်ယောက်သည် စင်မြင့်ပေါ်တွင် ရပ်နေသည်။ ကျောင်းသူလေးသည် ဘေးကပ်ရပ်အတန်း၏ အတန်းခေါင်းဆောင် ဝမ်ယောင် ဖြစ်သည်။ လှပ, သိမ့်မွေ့ပြီး အရမ်းဆွဲဆောင်မှု ရှိလွန်းလို့ အနုပညာပွဲတော်တွင် အမျိုးသမီး presenterအဖြစ် ရွေးချယ်ခံရသည်။ သူမဘေးမှာ ရပ်နေတာကတော့ အမျိုးသား presenter, နောက်တစ်မျိုး ပြောရရင် လင်ဖေးရန်ရဲ့ ရန်သူတော်ကြီး ကူခိုင်ဖုန်းပါပဲ..။

မဟုတ်သေးဘူး, ပိုပြီးရှင်းအောင်ပြောရရင် လင်ဖေးရန်ကပဲ တစ်ဖက်သက်ဆုံးဖြတ်ထားတဲ့ ရန်သူတော်ကြီး..

ကူခိုင်ဖုန်းကတော့ သူ့ကိုယ်သူ တခြားတစ်ယောက်ရဲ့ ရန်သူတော်ကြီးဖြစ်နေမှန်းတောင် မသိလောက်ဖူး..

Don't You Like Me // မင်းငါ့ကို မကြိုက်ဘူးလား [ မြန်မာ ဘာသာပြန် || BL ]Where stories live. Discover now