6.2

406 103 7
                                    

CH 6.2 - Going to the bathroom together

Unicode>>

သူကိစ္စရှင်းပြီးတော့ အခန်းဆီကို နှစ်ယောက်သား ဘေးချင်းယှဉ်ပြီး လျှောက်လာသည်။ လင်းဖေးရန်သည် နည်းနည်း ကသိကအောက် ဖြစ်နေတာနဲ့ နှစ်ယောက်ကြား စင်တီမီတာ အနည်းငယ်လောက် ခြားလျှောက်နေသည်။ သူတို့ရဲ့ အိမ်သာကနေ အခန်းဆီသို့ ပြန်လမ်းတစ်လျောက် နှစ်ယောက်သား အချင်းချင်း လုံးဝ မထိတော့ပေ။

ကော်ရစ်သာ တစ်ခုလုံးတွင် သူတို့ ခြေသံများသာ ဟိန်းထွက်နေသည်။

ရုတ်တရက် သူ၏ခန္ဒာကိုယ်မှာ ကပ်တွယ်နေသည့် ယင်စွမ်းအင် အမျှင်တန်းလေးသည် သူ့ခြေဖဝါးမှတစ်ဆင့် ကျောရိုးတစ်လျောက် ဝင်ရောက်လာပြီး သူ့မျက်လုံးတွင် ကပ်တွယ်သွားသည်။ ဒီလို ကြက်သီးထစရာ ခံစားချက်ကြီးက အရှေ့ နှစ်ခေါက် သူသရဲမြင်တုန်းကလည်း ရှိခဲ့ပေမဲ့ အဲ့ဒါက အရမ်းမသိသာလို့ သူသတိမထားမိခဲ့ပေ။ သို့သော် တတိယအကြိမ် ထွက်ပေါ်လာချိန်မှာတော့ အရင်နှစ်ကြိမ်တုန်းကလည်း ယခုကဲ့သို့ ခံစားချက်မျိုးရှိခဲ့သည်ကို သတိထားမိသွားသည်။

ဒါက patternရှိနေခဲ့တာပဲ

'ရိုးရိုးလေးပဲ မျက်လုံးမှိတ်ပီး မြင်ကွင်းကို ဖုံးကွယ်မလား' နှင့် 'ဒီထိတ်လန့်စရာကို အဆုံးထိ တောင့်ခံနေမလား' အကြားတွင် လွန်ဆွဲနေသဖြင့် လင်းဖေးရန်၏ ဦးနှောက် အာရုံကြောများသည် လေးကြိုးကဲ့သို့ ဆွဲဆန့်ခံနေရသည်။ သို့သော်ငြား သူမျက်လုံးမှိတ်ဖို့ အရမ်းနောက်ကျသွားပြီကို သိလိုက်ရသည် -- မျက်တောင်တစ်ခက်စာ အတွင်းမှာပဲ ကော်ရစ်ဒါတစ်ခုလုံး သရဲအပြည့်ဖြစ်သွားသည်။ သရဲအားလုံးသည် ကြောက်စရာကောင်းအောင် ဖြူဖတ်နေသည်။ တချို့က လက်ပြတ်ရင်ပြတ် မပြတ်ရင် ခြေထောက်ကျိုးနေသည်။ တချို့ ကတော့ ဆိုးဆိုးရွားရွား ဒဏ်ရာရှိနေပြီး ထိတ်လန့် ကြောက်ရွံ့ဖွယ် မျက်နှာများရှိနေသည်။ သူတို့က ထိုင်တဲ့သူကထိုင်ပြီး ရပ်နေသည်သူများလည်းရှိသည်။ ကော်ရစ်ဒါ၏ တစ်ဖက်တစ်ချက်မှာ လိုင်းတစ်ခုလို ရပ်နေကြသည်။ ဘယ်ကရမှန်းမသိတဲ့ စာအုပ်တွေလည်း ကိုင်ထားပြီး နက်နက်နဲနဲကို စာလေ့လာနေကြသည်။ သူတို့အသွင်အပြင်ကသာ ကြောက်စရာကောင်းမနေရင် သူတို့ကို finalစာမေးပွဲဖြေမည့် ကျောင်းသားများလို့ ထင်မိလိမ့်မည်.....

Don't You Like Me // မင်းငါ့ကို မကြိုက်ဘူးလား [ မြန်မာ ဘာသာပြန် || BL ]Waar verhalen tot leven komen. Ontdek het nu