5.1

383 92 8
                                    

Ch 5.1 - OK, This is Disco Entertainment Room 508.....

Unicode >>

T/n : အရင်အပိုင်းတုန်းက မြန်မြန်တင်ချင်ဇောနဲ့ noteထည့်ပေးဖို့မေ့သွားလို့ Hee..

ဖေးရန်နဲ့ ကူကူတို့က နှစ်ထပ်ကုတင်လိုမျိုးမှာ နေတာပါ။ ဖေးရန်က အပေါ်တစ်ထပ်မှာ, လှေကားလေးနဲ့ တက်ရတာပါ. မြင်ကြရဲ့လား မသိဘူး အောက်ဆုံးမှာ ပုံထည့်ပေးလိုက်မယ်။ အရှေ့အပိုင်းမှာ ဖေးရန် တက်လိုက်ဆင်းလိုက် ခုန်ချလိုက်တွေ တအားပါတော့ နားမလည်ကြမှာစိုးလို့

---------------

လင်းဖေးရန် ခေါင်းကို ရမ်းလိုက်ပြီး ပုံမှန်လို့ ထင်ရသည့် အခန်းကို နောက်တစ်ခေါက်ကြည့်လိုက်သည် ထို့နောက် တုံ့ဆိုင်းစွာဖြင့် ခေါင်းညိမ့်လိုက်သည်။

သူခေါင်းရမ်းတာက သူရဲ့အမြင်အာရုံသည် လုံးဝနိုးကြားနေပြီး သူမြင်ခဲ့သ့အရာများသည် ထင်ယောင်ထင်မှားဖြစ်နေတာနှင့်မတူ၊ သေချာပေါက် အိပ်မက် မဟုတ်ပေ။ ထို့နောက် ခေါင်းညိမ့်လိုက်ခြင်းသည် အိပ်မက်ဆိုးဟု ပြောရုံမှတပါး သူမြင်ခဲ့သည်များကို ရှင်းပြရန် ဖြစ်နိုင်မည့် အကြောင်းပြချက်များကို ရှာမတွေ့သောကြောင့်ဖြစ်သည်။ ကမ္ဘာ‌ပေါ်မှာ သရဲဆိုတာ မရှိဘူးလေ ဟုတ်တယ်မလား? ဒါမဲ့ သူ ကူခိုင်ဖုန်း ကုတင်ပေါ် ရောက်တာနဲ့ သူတို့က ဘယ်လိုလုပ်ပြီး ပျောက်သွားတာလဲ?

လင်းဖေးရန် ဗလာသက်သက် အကြည့်များဖြင်း တစ်ခဏမျှ ကူခိုင်ဖုန်းအား စိုက်ကြည့်လိုက်စဉ် သူ၏မျက်လုံးများထဲတွင် စိတ်ဝင်စား မြူးထူးနေသည့် အရိပ်အယောင်များ တွေ့လိုက်ရသည်။ သူ ခပ်မြန်မြန်ပဲ ထိတ်လန့်မှုကြောင့် ငိုခဲ့သော မျက်ရည်များကို သုတ်လိုက်ပြီး စိတ်ဆိုးဆိုးဖြင့် ကူခိုင်ဖုန်း ဆန့်ကျင်ဘက်ကို လှည့်လိုက်ပြီး နီရဲနေသော မျက်နှာနှင့် သူ့အိပ်ယာသူ ပြန်တက်သွားသည်။

ချီး! ဒီနေ့ ကူခိုင်ဖုန်းရှေ့မှာ သူတစ်သက်လုံးရှိသမျှမျက်နှာတွေ ပျက်ခဲ့ရပြီ။

'အိပ်မက်ဆိုး' ကြောင့် ထိတ်လန့်မှုများသည် အလုံးစုံပျောက်ကွယ်မသွားသေးဘဲ အိပ်၍လည်း မပျော်တော့ပေ။ ထို့ကြောင့် သူအိပ်ယာပေါ်သို့ တက်ပြီးနောက် မလှဲတော့ဘဲ စာဖတ်မီးကို ဖွင့်လိုက်ပြီး နံရံကို မှီပြီး ၎င်း(မီးအိမ်)ကို ဖက်ထားသည်။ နှုတ်ခမ်းများကို ကိုက်နေပြီး တစ်ခန်းလုံးကို စိတ်လှုပ်ရှားစွာနှင့် လိုက်ကြည့်နေသည်။

Don't You Like Me // မင်းငါ့ကို မကြိုက်ဘူးလား [ မြန်မာ ဘာသာပြန် || BL ]Where stories live. Discover now