သူစိမ်း(part-25)[Zawgyi&Unicode]

Start from the beginning
                                    

Liam အိပ်ရာနိုးတော့ဖုန်းကြည့်မိတော့အကိုစာပို့ထားသည် 'ဒီည သူငယ်ချင်းတွေနဲ့ပါတီရှိလို့နောက်ကျမယ်'တဲ့ liam လည်း Ok တစ်လုံးတည်းသာပို့လိုက်ပြီး လန်းသွားအောင်ရေ၀င်ချိုးလိုက်သည် ခေါင်းလေးပါအစစ်လျှော်လိုက်သေးသည် အကို့မာမီလာပို့တဲ့ငါးပေါင်းကပြောင်သွားပြီမို့ ဉာဉ့်နက်ကျအကိုဗိုက်ဆာရင်စားလို့ရအောင် ကြက်ချဉ်စပ်ကြော်လေးကြော်ပေးထားလိုက်သည် အလုပ်တွေပြီးလို့ နာရီကြည့်တော့ ၁၁တောင်ထိုးတော့မည် အကိုနည်းနည်းတော့များသွားပြီဖြစ်ပေမယ့် ကိုယ့်ကိုပြောပြီးမှသွားတာမို့လျော့ပေးလိုက်သည်

liam ပျင်းလို့ pancake လုပ်နေတုန်းဖုန်း၀င်လာသည်ကြည့်လိုက်တော့ကိုခန့်ဖြစ်နေသည်

"Hello liam လားကိုခန့်ပါ"

"အော် ဟုတ်ကိုခန့်ပြောလေ"

"ဟိုလေ ညီမ ရှိန်းဇော်ခမူးနေတယ် ထောင်တောင်မထောင်နိုင်ဘူး"

"ရှင်"

"အကိုတို့ အခုဒီကောင့်ကိုပြန်လာပို့ပေးနေပြီ လမ်းတစ်၀က်ရောက်နေပြီ"

"အော် ဟုတ်လား"

"အင်း အဲ့တာ အကိုတို့ညီမတို့ကွန်ဒိုကားပါကင်ကိုရောက်ရင် ညီမကိုဖုန်းဆက်လိုက်မယ်နော်"

"အော် ဟုတ်ဟုတ်"

Liam အကိုတို့အလာကိုဖုန်းလေး ကြည့်ရင်းစောင့်နေလိုက်သည် မမူးတောင်ဒီလောက်ရစ်နေတာမူးရင်သတ်ပါသတ်မလားမသိဘူး ဒီနေ့မှ ဘာလို့လဲမသိအကို့ကိုယ်သင်းနံ့လေးကိုလွမ်းနေရော....

ကိုခန့်ကအောက်ရောက်ပြီလို့ ဖုန်းဆက်တာမို့ liam ဓာတ်လှေကားနဲ့ဘဲမြန်မြန်ဆင်းသွားလိုက်တော့သည် ဘယ်လောက်တောင်သောက်ထားလို့ သူငယ်ချင်းတွေတောင်လာပို့ရလဲ liam မသိပါ
အကိုကထင်တာထက်ကိုမူးနေသည် မျက်လုံးတို့ကနီရဲနေကာ လုံး၀အမူးသမားကိုဖြစ်နေရော liam ကိုခန့်ဆီကအကို့ကို ဆွဲကာယူလိုက်တော့liam ပါယိုင်‌သည် လာပို့တာတောင်ကျေးဇူးတင်နေပြီအပေါ်ထိ‌သယ်ခိုင်းရမယ်ဆိုမကောင်းဘူးလေ

"ဟယ် ညီမ နိုင်ရဲ့လား"

"ဟုတ်...ဟုတ်ရပါတယ် အကိုဟိုမှာနောက်အမူးသမားတစ်ယောက်ကိုပို့ရအုန်းမှာမလား"
liamကားထဲကမူးကာအိပ်ပျော်နေသည့်ကိုမြတ်ဇင်ကိုမျက်စပစ်ကာပြောလိုက်ရသည်

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now