11.Hopeless_Meeting

Start from the beginning
                                    

"ဘာပြောလိုက်တယ်...မောင့်!...မောင့်စကားအပေါစားဆန်နေတာရောသတိထားမိရဲ့လား!...မောင်ဒီလိုတွေရှုပ်ပွေနေရအောင် မောင်ကအရင်လိုလူလွတ်တစ်ယောက်မဟုတ်တော့ဘူးနော်...မောင့်မှာရီလျှမ်းဆိုတဲ့ဇနီးတစ်ယောက်လုံးရှိနေပြီ!..."

ဒေါသတကြီးပြောရင်းမငိုပေမဲ့ရီလျှမ်းမျက်လုံးတွေနီဆွေးနေခဲ့တယ်။မောင်နဲ့တွဲတဲ့သူတွေကိုသူမအပြစ်မတင်လို။မောင်ဘယ်လောက်ထိညှို့အားပြင်းတဲ့ယောက်ျားမှန်းသူမကိုယ်တိုင်ကျရှုံးခဲ့ရတာမို့ရီလျှမ်းကောင်းကောင်းကြီးစာနာသည်။

ခုဟာက မောင်ကကိုပွေရှုပ်ချင်နေလို့သာ။ဒါကိုအခွင့်ကောင်းယူပြီးယောင့်တက်လာသည့်သူတို့အပြစ်တော့မဟုတ်။လူတိုင်းကမက်မက်မောမောလိုချင်နေသည့်မောင့်ကိုဘယ်လိုလူမျိုးကငြင်းဆန်ဝံ့မှာတဲ့လဲ။

ရီလျှမ်းသာဆောက်တည်ရာမရပေါက်ကွဲနေသလောက်ရှောင်းကျန့်ကနှုတ်ခမ်းပါးထက်ဆေးကလိပ်လှလှလေးဖိညှပ်လို့ရှိုက်ဖွာစပြုတယ်။

"အင့်ဟယ်!..."

"အဟက်!..."

သည်းမခံနိုင်စွာရှောင်းကျန့်လက်ထဲကဆေးကလိပ်ကိုဆွဲယူပစ်ထုတ်လိုက်သည့်ရီလျှမ်း။ခပ်ဟဟရယ်ရင်းထိုင်နေရာမှမတ်တပ်ထရပ်သည့်မောင့်ကိုရီလျှမ်းနားမလည်သလိုကြည့်နေမိတယ်။

လက်ထပ်ထားတဲ့သုံးလေးလမှာတောင်တကြိမ်တခါမှသူနဲ့အတူမနေဘဲအကြောင်းအမျိုးမျိုးပြလို့ရှောင်ဖယ်နေသည့်မောင်။စိတ်ဆန္ဒဖြေဖျောက်ဖို့အတွက်နဲ့တစ်ယောက်ပြီးတစ်ယောက်တွဲတယ်ဆိုလာရင်တော့ရီလျှမ်းလုံးဝလက်မခံနိုင်ပါ။

"ကျွန်တော့်လုပ်ရပ်က မ အတွက်အဆင်မပြေဖြစ်စေလို့လား...ဒီလိုဆိုလည်း sorryပဲမ...ကျွန်တော်ကဘယ်အရာမဆိုအချိန်ကြာလာရင်ငြီးငွေ့တတ်လို့..."

"မောင့်!!!..."

ဒုန်း! ခွမ်း!

ဒေါသအလျှောက်အားပါပါတွန်းလိုက်မိတော့ရှောင်းကျန့်ကိုယ်နဲ့တိုက်မိသည့်အလှပန်းအိုးကြီးကကြမ်းပြင်ပေါ်အလဲအလဲအကွဲကွဲ။

"အင့်!..."

ပန်းအိုးကွဲသံကြောင့်ပုခုံးလေးနှစ်ဖက်သိမ့်ခနဲဖြစ်လို့ထိတ်လန့်သွားသည့်ကောင်လေးကအိမ်တံခါးဝမှာကျောပိုးအိပ်လေးလွယ်လျှက်နှင့်ရှောင်းကျန့်တို့ကိုတောင့်တောင့်လေးရပ်ကြည့်နေတယ်။

FOLLOW ME[Complete]Where stories live. Discover now