၁၁၃။ ဧကရီအနက်ရောင် (၂၇)

Start from the beginning
                                    

အနာဂတ်၌ ရှီရှန်းက ဇွန်ဘီကလွဲ၍ လူသားတို့ကို လက်ခံမည် မဟုတ်သောကြောင့် သူတို့ဤအခြေစိုက်စခန်းထဲ ဝင်လာနိုင်သည်ကိုပင် သူတို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရမည်ဖြစ်သည်။

ချင်းယွီနှင့် အဖွဲ့တို့ကတော့ သူတို့ဘော့စ် ဘာကြံနေလဲဆိုတာ သေချာမသိသည့်အတွက် သူတို့ သူမ၏ အမိန့်အတိုင်းသာ လုပ်ပေးနေလေသည်။

......

ရှီရှန်းက ဇွန်ဘီများကို စုစည်းလျက် အင်အားဖြည့်နေပြီး အခြေစိုက်စခန်းကို ဆက်တိုက် တိုးချဲ့ ဆောက်လုပ်နေစဉ် ဘီမြို့တစ်လွှား၌ ချီမင်ရွှယ့်နှင့် အဖွဲ့တို့ သိပ် အဆင်မပြေကြတော့ချေ။

သူတို့ အကျဉ်းကျနေကြသည်။ စုန့်ရှစ်ကတော့ ထွက်ပြေးရန် လမ်းစရှာတွေ့ပြီဖြစ်သော်ငြား ချီမင်ရွှယ့်ကိုပါ ကယ်တင်ရန် အချိန်မရှိပေ။ သို့မဟုတ် သူ သူမကို မကယ်ချင်တာဟုဆိုရလျှင် ပိုမှန်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် စုန့်ရှစ် ချီမင်ရွှယ့်ကို မကြိုက်ခင်ကတည်းက သူသည် အချစ်ရေးနှင့်ပတ်သက်လာရင် အလွန်ပြတ်သားသည့်သူ ဖြစ်လေသည်။

ချီမင်ရွှယ့်က သူမ၏ 'ကုစားနိုင်သည်' ဟု ဆိုသည့် အစွမ်းကြောင့် ပိတ်လှောင်ခြင်းခံရလေသည်။ သို့ပေမဲ့ဘယ်လောက်ပဲ လူတို့ သူမကို ဖိအားပေးသည်ဖြစ်စေ၊ သို့မဟုတ် သူမကို ချော့ပြောသည်ဖြစ်စေ သူမကတော့ သူတို့ရှေ့ အစွမ်းတစ်ချက်လေး ထုတ်ပြသရန်ကိုပင် ငြင်းဆိုလေသည်။

"သူမ အခုထိ ဒီအတိုင်းပဲလား" ဗိုလ်ချုပ်က ချန်းရှင်းကို ကြည့်လိုက်သည်။

ချန်းရှင်း ခေါင်းညိတ်လိုက်သည်။ "သူမ အခုထိ အစွမ်း တစ်ခုမှ ပြဖို့ သဘောမတူသေးပါဘူး"

ဗိုလ်ချုပ် မျက်မှောင်ကြုတ်လိုက်ပြီး ခဏလောက် စဉ်းစားလိုက်ကာ

"သွားပြီး အမြင် စွမ်းအားရှိတဲ့ သူအချို့ကို ရှာလာခဲ့၊ ပြီးရင် သူမကို စီစီတီဗွီ မရှိတဲ့နေရာကို ခေါ်သွားလိုက်" ဟု ပြောလေသည်။

ချန်းရှင်း ပိုပြီး မျက်နှာမကောင်း ဖြစ်သွားလေသည်။ ဗိုလ်ချုပ်က ခေါင်းမော့လာပြီး သူ့ကို ကြည့်လေသည်။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now