၃၈။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၈)

1.4K 167 0
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၈)

တောင်၏ လမ်းတစ်ဝက်၌ ဟန်လင်းနှင့် သူ့လက်ထောက်တို့ ရိုက်ကူးရေး အဖွဲ့သားတို့နောက်ကနေ

ဖြည်းဖြည်းချင်း တက်လာနေသည်။ ဤအစီအစဉ်၌ စုစုပေါင်း လူရှစ်ယောက်ပါဝင်ပြီး သူတို့လမ်းကြောင်းကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိလေသည်။ သူတို့နောက်သို့ ကင်မရာမန်း

နှစ်ယောက်ကိုသာ လိုက်ခွင့်ပေးရမည်။ အဖွဲ့၏ လူအများစုက ရှရွှမ်းနောက်ကိုသာ လိုက်ကြ

သည်။

"အစ်မရွှမ်က နားချင်တယ်လို့ ပြောတယ်။ ဒါရိုက်တာ၊ ခဏလောက် နားကြရအောင်"

ရှရွှမ်း၏လက်ထောက်က ဒါရိုက်တာဆီ မာန ထောင်လွှားစွာ အပြေး သွားပြောလေသည်။ အဖြေကိုတောင် မစောင့်တော့ဘဲ သူမ ရှရွှမ်းဘေးကို ပြန်သွားသည်။

ကူရာကယ်ရာ မဲ့နေသည့် ဒါရိုက်တာကတော့ အားလုံးကို နားခွင့်ပေးလိုက်ရသည်။

ယခု ရှရွှမ်း သူမကို အခစားဝင်ရန် စောင့်စားနေသည့်ပုံကို ဟန်လင်း ဆွံ့အစွာ ကြည့်လျက်ရိုက်ကူးရေး ဝန်ထမ်း ပေးထားသည့် ရေခဲရေကိုသာ အလျင်စလို မျိုချလိုက်ရသည်။

"ဒါနဲ့ဆို ငါတို့ နားဖို့ ရပ်တာ ခြောက်ခါရှိနေပြီ၊ ပြီးတော့ ငါတို့ လမ်းတစ်ဝက်ပဲ ရောက်သေးတယ်။ ငါတို့တောင်ထိပ်ကို ရောက်သွားတဲ့ အချိန်ဆို ညတောင် ရောက်နေလောက်ပြီ။ အစောကြီးကတည်းကဒီလို ဖြစ်မယ်ဆိုတာသာ သိခဲ့ရင် ငါ အစ်မဝမ်နောက်ကိုပဲ လိုက်သွားပါတယ်"

ကျန်သုံးယောက်ကလည်း အနား ကပ်လိုက်ပြီး ဖန်လီချိုးက ကလိမ်ကျကျ ပြုံးလိုက်သည်။

"ငါအခုအစ်မဝမ် ဘာလို့ ငါတို့ကို ရိုက်ကူးရေး အဖွဲ့သားတွေနောက်ကို လိုက်ခိုင်းမှန်း သိသွားပြီ"

"ဘာလို့လဲ"

ဖန်လီချိုး ဖုန်းကို ခါပြသည်။ စကားဖြင့် ပြောစရာမလိုဘဲ သူတို့ကြား ရှိသည့်

နားလည်မှုကြောင့် ကျန်သည့်သူတို့ ချက်ချင်း သဘောပေါက်လေသည်။

သူတို့ လေးယောက် တူတူ ပူးကပ်ထိုင်ကာ တိုးတိုးလေး ဆွေးနွေးနေကြသည်။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now