၁၂၇ ။ ဆေးမှန်မှန်သောက် (၈)

1K 144 2
                                    

ဆေးမှန်မှန်သောက် (၈)
~~~~~~~~~~~~~~

ရှီရှန်း လှည့်ထွက်တော့မည့်ဆဲဆဲ System ၏ အသံက ထွက်လာပြန်သည်။ [ကွင်းဆက်တာဝန် ၂ : ဖုချင်းကို ဆေးရုံပို့ပါ]

ရှီရှန်း : "..."

'နင် ဒါကို တမင်ရုတ်တရက်စိတ်ကူးပေါက်ပြီး လုပ်တာ မဟုတ်ဘူးဆွာ စောက်ရမ်းသေချာရဲ့လား၊ ငါ့ဆုံးဖြတ်ချက်ကို နောင်တရလာပြီ၊ ဘာလို့် ငါ အဲ့ကွင်းဆက် modeကို ရွေးပြီး ငါ့ကိုယ်ငါ ဒုက္ခပေးမိတာပါလိမ့်...!

ထင်တဲ့အတိုင်းပဲ၊ System နဲ့ ပတ်သတ်ရင် အမြဲထောင်ချောက်ချည်းပဲ'

ချစ်စရာ Systemလေးမှာတော့  မတော်မတရားရှုံ့ချဝေဖန်ခံလိုက်ရလေသည်။ 'ငါ ဒီကိစ္စမှာအပြစ်ကင်းပါတယ်နော်၊ ထင်ထားသလို မလုပ်ဖို့ ဘယ်သူက မင်းကိုပြောထားလို့လဲ'

……

သူမ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤဗီလိန်ကောင်ကို ဒီလောက်ထိ အားနည်းမည်ဟု ထင်မထားခဲ့ပေ။ 'ဒါက ဗီလိန်ကြီးဆိုတာရော သေချာရဲ့လား၊ တကယ့်တကယ်မှာ ဇာတ်လိုက်မ ဖြစ်နေတာတော့ မဟုတ်ဘူးမလား'

ရှီရှန်းသည် ဆေးရုံကုတင်ဘေး မတ်တပ်ရပ်ရင်း မေးစေ့ကို လက်တစ်ဖက်ထောက်လျက် ဖုချင်းအား စိုက်ကြည့်နေမိလေသည်။

ဖုချင်းမှာ ဆယ်ကျော်သက်အသွင်သာ ရှိသေးသည်။ ရှီရှန်းကဲ့သို့ ယောကျာ်းမျိုးစိတ်ဝင် ချောမောခံ့ညားသော လူသားများစွာကို မြင်ဖူးသည့် ဒဏ္ဍာရီလာမကောင်းဆိုးဝါးအတွက် ဖုချင်းသည် သာ၍ ထူးကဲပြီး ချောမောနေသူမျိုးမဟုတ်ချေ။

'ဒါပေမဲ့ သူ့ကို ဝိုင်းနေတဲ့ အဲ့သေမင်းအငွေ့အသက်က... အရမ်းညှို့ငင်နိုင်စွမ်းရှိတာပဲဟာ'

ဖုချင်း နိုးလာချိန် ရှီရှန်းက ပြတင်းပေါက်ဘေးရပ်ကာ ဖုန်းပြောနေသည်။ သူမ၏ ချိုသာလှသော အသံက နားဝင်ပီယံရှိလှသည်။

"...သူ မနိုးသေးဘူး။ ထင်တာပဲ။ အာ... သြော် မဟုတ်ပါဘူး၊ ကျွန်မက အားယားနေလို့ လဲ့ဖုန်း*လုပ်တဲ့အနေနဲ့ သူ့ကို ထူပြီး ဆေးရုံပို့ပေးဖို့ဆုံးဖြတ်လိုက်တဲ့ ဖြတ်သွားဖြတ်လာပါ၊ ဟင့်အင်း၊ အဆင်ပြေပါတယ်၊ အိုကေ... သူ့ကိုစောင့်ပေးစေချင်တာလား၊ ပိုက်ဆံပေးမယ်ပေါ့၊ ငုံးပဲ... ကောင်းပြီလေ၊ ရတယ်၊ ပြဿနာမရှိဘူး၊ သူ့ကို ဂရုစိုက်ပေးလိုက်မယ်"
[T/n: လဲ့ဖုန်း - ရှေးတုန်းက လဲ့ဖုန်းလို့ အမည်ရတဲ့ ကိုယ်ကျိုးမဖက် သူတစ်ပါးကို ကူညီတတ်တဲ့ လူတစ်ယောက်ရှိသတဲ့၊ အဲ့ဒါကြောင့်မို့ သူတစ်ပါးကို ကူညီတဲ့သူတွေကို လဲ့ဖုန်းလို့ တင်စားပြီး ခေါ်ပါတယ်တဲ့]

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now