၁။ ရွှေပေါ်မြတင် (၁)

9.4K 478 2
                                    

ရွှေပေါ်မြတင် (၁)
~~~~~~~~~~~~~

ရှီရှန်းသည် စာရေးဆရာတစ်ယောက်ဖြစ်သည်။ Cliff- hanger များရေးရသည်ကို နှစ်သက်သော စာရေးဆရာဖြစ်ပြီး ရေးလက်စစာအုပ်ပေါင်းများစွာ ဆက်မရေးတော့ဘဲ တန်းလန်းထားခဲ့သူမျိုးလည်း ဖြစ်သည်။ ဇာတ်လိုက်များကို သေခိုင်းသည့် မိထွေးနှင့်တူသော စာရေးဆရာမျိုး။ ယနေ့လို သာယာလှပသော နေ့ကလေးတွင်တော့ သူမ တစ်ခု နားလည်လိုက်သည်။

cliff-hanger ရေးတဲ့ author တွေ အပြစ်ပေးခံရမယ်တဲ့၊

သူမ အခု စာအုပ်ပုံစံ လူ့အရပ်၏ တစ်ဝက်ခန့်ရှိသည့် မှန်ရှေ့မှာ ဆောင့်ကြောင့်ထိုင်နေသည်။ ပြီးတော့ သူမ၏ခေါင်း အနည်းငယ်ကိုက်လာတာကို ခံစားရသည်။

သူမ သေသေချာချာ မှတ်မိနေတာက ခုနကလေးတင် သူမ၏ စာဖတ်သူများနှင့် ဇာတ်လိုက်မင်းသားက ဇာတ်ပို့ကြောင့် ဂေးဖြစ်သွားရပြီး အဲဒီဇာတ်ပို့ကတော့ ဇာတ်လိုက်မင်းသမီးကြောင့် ပြန်ဖြောင့်သွားကာ မင်းသားတစ်ယောက် ပျင်းစရာကောင်းပြီး စိတ်ဓာတ်ကျဖွယ်ဘဝကို အတင်း တွန်းပို့ခံလိုက်ရသည့် အကြောင်းကို အငြင်းပွားနေခဲ့ခြင်း ဖြစ်သည်။ ဆိုတော့ကာ၊ အဲဒီ့ငြင်းခုံပွဲကနေ သူမကဘာလို့ ဒီနေရာကို ရောက်လာရတာလဲ၊

'ငါ ပြန်သွားချင်တယ်'

[ပြန်သွားဖို့ အခြေအနေတွေကို သတ်မှတ်ထားပြီးပါပြီ၊ စဉ်းစားဖို့ ၅စက္ကန့်အချိန်ရပါတယ်၊ အကယ်၍ ၅စက္ကန့်အတွင်းမှ မဆုံးဖြတ်ဘူးဆိုရင် hostကိုအပြီးသတ်ဖယ်ရှားပါမယ်] စက်ရုပ်ကဲ့သို့ ခံစားချက်မရှိသည့် အသံတစ်ခုက အေးစက်စက်ထွက်ပေါ်လာသည်။

ရှီရှန်း

"..."

'ထင်ထားတဲ့အတိုင်းပဲ၊ systemစုတ်၊ ဟိုဟာကိုလည်း အဆုံးသတ်မယ်၊ ဒီဟာကိုလည်း ဖယ်ရှားပစ်မယ်နဲ့၊ ဘယ်လောက်ရက်စက်လိုက်သလဲ'

ထိုစဉ်မှာပဲ အချိန်ရေတွက်သည့်စက်က ဖန်သားပြင်ရှေ့မှာ ထွက်ပေါ်လာသည်။ [၅...၄...၃]

"ကောင်းပြီ၊ ကောင်းပြီ"

အသက်ရှင်သန်ဖို့အတွက် ရှီရှန်း သူမ မာန ဂုဏ်သိက္ခာကို ခဝါချလိုက်သည်။

Boss အဆိပ်မပြင်းလွန်းနဲ့...!जहाँ कहानियाँ रहती हैं। अभी खोजें