၅၅။ ဇာမဏီ၏ ခွန်းသံသာ (၄)

1.2K 209 0
                                    

ဇာမဏီ၏ ခွန်းသံသာ (၄)
~~~~~~~~~~~~~~~~~~

သေခြင်းတောအုပ်ထဲမှာ ဝိညာဉ်သတ္တဝါကြီးများရှိတတ်သည်။ သူတို့၏ အဆင့်က သိပ်တော့မမြင့်။ ရှီရှန်းကတော့ သူတို့ကို လေ့ကျင့်စရာဟုသာ သဘောထားလိုက်သည်။ ပြောစရာမလို၊ ထိုသတ္တဝါတို့ အသေဆိုးနှင့် သေရတော့သည်။

အတော်အတန်ကြာမှ သူမ ထိုသစ်ပင်နီကို ရှာတွေ့တော့သည်။ ထိုသစ်ပင်မှာ အမှန်ပင်အနီရောင်ဖြစ်လေသည်။ အထက်မှ အောက်၊ အတွင်းမှ အပြင် ရဲရဲမနီသည့်နေရာမရှိ။

အတွင်းဘက်က နီသည်ကို သူမ ဘယ်လိုသိသလဲဆိုတော့ - အော် ခုတ်ကြည့်လိုက်လို့ပေါ့။ မူလ ဇာတ်ကြောင်းတိုင်းသာဆိုလျင် ဤသစ်ပင်ကြီးက အရေးပါသော ကဏ္ဍတွင်ပါဝင်မည်ဖြစ်သည်။ သို့သော် ရှီရှန်း ခုတ်ချလိုက်တော့ ဘာထူးဆန်းတာမှ ဖြစ်မလာပေ။

'ငါက ဇာတ်လိုက် မဟုတ်လို့လား... ဒါ့ကြောင့် ငါကျတော့ လျို့ဝှက်ထားတဲ့ နောက်ခံဇာတ်ကြောင်းတွေ ဘာတွေ မရှိတာလား၊ ဇာတ်လမ်းထောက်ကူပြုတဲ့ သက်မဲ့တွေတောင် မျက်နှာလိုက်ကြပါလား၊ ကြောက်စရာကြီး...!'

သစ်ပင်နီ၊ ". . ." 'အနည်းဆုံးတော့ ငါ တစ်ခုခုလုပ်ဖို့ အခွင့်အရေးပေးဦးမှပေါ့...! ရောက်တာနဲ့ ခုတ်ပစ်ရမယ်လို့ ဘယ်သူက ပြောထားလို့လဲ...! ငါ့မှာ တုန့်ပြန်ဖို့တောင် အချိန်မရလိုက်ဘူး...!'

ရှီရှန်း ခုတ်ထားလို့ ပြိုလဲနေတဲ့ ပင်စည်ပေါ် တက်ထိုင်လိုက်သည်။ သူမ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ဇာတ်လိုက်မင်းသားကို စောင့်နေသည်။ သူမ သိတာတစ်ခုက ဇာတ်လိုက်မင်းသမီးသည် ဇာတ်လိုက်မင်းသားကို ဤနေရာတွင် တွေ့မည်ဟူ၍သာ။ ဇာတ်လိုက်မင်းသား အဘယ်ကြောင့် ဤနေရာတွင် ရှိနေမည်ဆိုသည်ကိုတော့ - စာရေးဆရာသာ သိပေလိမ့်မည်။

စောင့်ရလွန်း၍ ရှီရှန်းပင် ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ကာနီးနေပြီ။ သို့ပေလျက် ဇာတ်လိုက်မင်းသား၏ အရိပ်ကိုတောင် မတွေ့နိုင်သေး။

'သေခြင်းတောအုပ်ထဲမှာ ဒီတစ်ပင်တည်းက သစ်ပင်နီမဟုတ်လို့လား... အခြားသစ်ပင်နီတွေရှိသေးလား ငါ သွားကြည့်သင့်လား...'

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now