"အွန့်!...မောင့် ဝမ်လေးရှိတယ်လေ...ကလေးရှေ့မှာတကယ်တည်း..."

ပါးပြင်ကိုမထိတထိလာနမ်းသည့်ရှောင်းကျန့်ကြောင့်ရီလျှမ်းကမလှမ်းမကမ်းကခုံပုလေးမှာထိုင်နေသည့်ရိပေါ်ကိုမေးငေါ့ပြရင်းရှက်ရမ်းရမ်းလို့ရှောင်းကျန့်ကိုယ်ကြီးကိုအားမပါစွာတွန်းထုတ်လာတယ်။

"ဘာမှမဖြစ်ပါဘူး...ချာတိတ်လည်းအရွယ်ရောက်နေပြီပဲဟာ...ကျွန်တော့်မိန်းမကအရှက်ပိုလိုက်တာ..."

Fashion shopလိုနေရာမျိုးမှာတောင်ရီလျှမ်းကိုပိုတိုးထိတွေ့ပြနေသည့်ရှောင်းကျန့်ကြောင့်ရိပေါ်လက်သီးလေးစုတ်လို့ခေါင်းလေးစောင်းချလိုက်မိတယ်။

မြင်ရက်နဲ့တမင်မမြင်ဟန်ဆောင်ထားသည့်ရှောင်းကျန့်ကမျက်နှာမကောင်းစွာအကြည့်လွှဲသည့်ရိပေါ်ကိုမြင်တော့ကျေကျေနပ်နပ်ပြုံးလို့အကြည့်စူးစူးတို့မှာအဓိပ္ပါယ်တချို့ကပ်ငြိလျှက်။မင်းဖြစ်စေချင်သလိုဖြစ်နေတာမို့ပျော်လားချာတိတ်တဲ့။

စူးခနဲအောင့်တက်လာသည့်ဝဲဘက်ရင်အုံကြောင့်ရိပေါ်မှာအယောင်ယောင်အမှားမှားစားပွဲပေါ်ကနွားနို့ဘူးလေးစုတ်သောက်လိုက်မိတော့တဟွတ်ဟွတ်နဲ့ချောင်းထဆိုးပါလေရော။

"အဟွတ်!...အဟွတ်!...အဟွတ်!..."

"အယ်!...ဝမ်လေး အဆင်ပြေရဲ့လား ဖြေးဖြေးသောက်မှပေါ့ကွယ်...ဒီကောင်လေးနဲ့တော့..."

ရှောင်းကျန့်လက်ထဲကရုန်းထွက်လို့ရိပေါ်စီစိုးရိမ်တကြီးလျှောက်လာရင်းရီလျှမ်းမှာရေတစ်ခွက်ငှဲ့ပေးရင်းတစ်ရှူးစလေးထုတ်ပေးတယ်။ရှောင်းကျန့်ကတော့ခပ်လှမ်းလှမ်းကနေရိပေါ်ကိုစူးစူးရဲရဲစိုက်ကြည့်လို့သူ့ရိုက်ချက်ဘယ်လောက်နက်ကြောင်းတိုင်းတာနေပုံရသည်။

"ရတယ်တီလေး...အဟွတ်!...ကျွန်တော်သတိမထားမိလိုက်လို့..."

ချောင်းဆိုးတာရောဝမ်းနည်းတာရောပေါင်းပြီးရိပေါ်မျက်လုံးမှေးမှေးလေးတွေကမျက်ရည်တွေညှစ်ချပလိုက်တယ်။တီလေးမရိပ်မိရင်တောင်ဦးငယ်ကတော့ကြိမ်းသေအဓိပ္ပါယ်ကောက်နိုင်ပေလိမ့်မည်။ဒီနေရာကနာနေတယ်လို့မပြောပေမဲ့ရိပေါ်နှလုံးသားလေးကခံနိုင်ရည်အားလျော့ပါးလာချေ ပြီ။ပညာသားပါပါဦးငယ်ရဲ့ထိုးနှက်ချက်မှာရိပေါ်ကတော့အလူးအလိမ့်ပါပဲ။

FOLLOW ME[Complete]Where stories live. Discover now