လရိပ်ဆင်သည့်ကကြိုး အပိုင်း (၁)
" ကကြိုး ဟဲ့ကကြိုး နင်ထတော့လေ နေကဖင်ထိုးနေပြီ ''
ကကြိုးမထဲဘဲ အိပ်ယာထဲမှာလူးလိမ့်ပြီး ပြန်အိပ်လိုက်သည်။
" ငါနင့်ကိုကောင်းကောင်းနှိုးတယ်နော် ''
" အာ အမေကလည်းဗျာ တော်ပြီပြန်အိပ်အုံးမယ် ''
" အေးတွေ့မယ် ''
ဒေါ်ရွှေရည်လဲ့အနီးနားကထန်းပလက်ကို ဆွဲပြီး ကကြိုးဖင်ကိုစပ်စပ်လေးရိုက်ပေးလိုက်သည်။
ဖြန်းဖြန်းဖြန်း
" အာ့ အာ့ နာတယ်အမေရ ''
ကကြိုးဖင်လေးကိုပွတ်ပြီး အိပ်ရာမှ ခုန်ဆွခုန်ဆွနှင့်ထလာသည်။
" နာမနေနဲ့ အိပ်ရာသိမ်း ''
" ဟွန့် လူကိုဆိုအားရှိရင်ရိုက်မယ်ဆိုတာချည်း ''
" ဘာရိုက်မယ်ဆိုတာချည်းလဲ မပြောလိုက်ချင်ဘူး လူကဖြင့် ကိုးတန်းရှိပြီ အားရှိတိုင်းပျင်းနေ ''
" အိပ်ရာသိမ်း မျက်နှာသစ်လုပ်ပြီးရင်အောက်မှာ ထမင်းကြော်ထားတာရှိတယ် ''
ဒေါ် ရွှေရည်လဲ့ သားဖြစ်သူကိုဆူပူကြိမ်းမောင်း
ရိုက်နှက်နှိုးပြီးသည်နှင့် ထွက်သွားတော့သည်။ကကြိုးဆိုတာ သာမန်မိသားစုက မွေးဖွားလာတဲ့ကလေးတစ်ယောက် ။ တောရွာမှာပဲကြီးပြင်းခဲ့ရသည်။ ဖေဖေနဲ့မေမေက အရမ်းမချမ်းသာပေမဲ့ မဆင်းရဲပေ။ သူများတန်းတူထားနိုင်သည်။
ဖေဖေတို့မိသားစုက ဆင်းရဲသည်။ မေမေတို့ကအရမ်းချမ်းသာသည်။ မေမေကတစ်ချိန်က စိန်ဆိုင်ပိုင်ရှင်ရဲ့သမီးတစ်ယောက်။ ဒါပေမဲ့ဖေဖေ့ကိုရွေးခဲ့တာကြောင့် မေမေရဲ့အမေကအမွေဖြတ်စွန့်လွှတ်ခဲ့သည်။
မေမေကလည်းမာနကြီးသည်။ ပြန်မခေါ်မချင်းမသွားဘူးဟုဆုံးဖြတ်ကာဒီအိမ်မှာသာဖေဖေနဲ့အတူနေသည်။ အဖွားဆီဘယ်တုန်းကမှမသွားခဲ့။
ဖွားဖွားတောင်ရှိသေးရဲ့လားမသိတော့။ ဒါပေမဲ့မေမေကဖွားဖွားကိုအရမ်းလွမ်းနေတာသိသာသည်။ ခါကြီးရက်ကြီးတိုင်းအမြဲတမ်းသက်ကြီးရွယ်အိုတွေကိုကန်တော့လေ့ရှိသည်။ သင်္ကြန်ဆိုလဲမေမေကထိပ်ဆုံးကပင်ပြုစုပေးသည်။ မေမေလည်း မာနတွေနည်းနည်းလောက်လျှော့လိုက်ရင် အဖွားနဲ့ တွေ့နေမလားပင်။
YOU ARE READING
လရိပ်ဆင်သည့်ကကြိုး
Teen Fictionကကြိုးဆိုသောကောင်လေး တောကနေမြို့ကျောင်းတက်ရာက လရိပ်မာန်နဲ့ဘယ်လိုတွေဆုံကြမလဲ။ လရိပ်မာန်နဲ့သံယောဇဉ်တွေဘယ်လိုငြိတွယ်ကြမလဲ။ student life ကိုအခြေခံရေးထားတာပါ ။ update မှန်နိုင်အောင်ကြိုးစားပေးပါ့မယ်။