၁၂၆ ။ ဆေးမှန်မှန်သောက် (၇)

Start from the beginning
                                    

နှစ်ယောက်သားက စကားပြောရင်း ရှီရှန်းဘေးကဖြတ်သွားကြသည်။ ရှီရှန်းက သူတို့ကို ထူးဆန်းသောအကြည်ဖြင့် ကြည့်လိုက်သည်။

'သူတို့ပြောနေတဲ့ချန်ရှန်းက ဘာပါလိမ့်၊ တကယ်ကြီးအံ့သြစရာကောင်းလွန်းလို့ တွေ့တာနဲ့ သေကုန်ကြတာလား၊ ပြီးတော့ အကယ်ဒမီကလည်း ဒီလို အန္တရာယ်ရှိတဲ့အရာမျိုးကို ခွင့်ပြုထားတယ်ပေါ့...၊'

ရှီရှန်း ဇဝေဇဝါဖြစ်နေတုန်းရှိသေး သူမအကြည့်က ရုတ်တရက် လမ်းဘေးမှ ပန်းခြုံပုတ်ဆီ အကြည့်ရောက်သွားသည်။

သတိပေးမှု တစ်စုံတစ်ရာ မရှိဘဲ အကောင်ကြီးတစ်ကောင်က အောက်ကနေ ရုတ်ချည်းခုန်ထွက်လာကာ သူမနှင့် အကြည့်ချင်းဆုံသွားသည်။ ထို တောက်ပစိမ်းလဲ့နေသာ မျက်ဝန်းများက ရက်စက်ခြင်းနှင့် ပြည့်နေသည်။

"..."
'ဘယ်စောက်ရူးက ဥရောပသိုးထိန်းခွေးကြီးကိုမွေးထားတာလဲဟ! သန်မာပြီး သစ္စာရှိလို့ ဒီခွေးမျိုးစိတ်ကို ငါအကြိုက်ဆုံး ဆိုတာတောင်...

တခြားလူတွေမွေးတဲ့ အကောင်တွေကိုတော့ သဘောမကျဘူးနော် အိုကေလား! ခွေးမသား ၊ လူ့အသက်တွေ အန္တရာယ်ရှိတယ်လေ...၊'

ရှီရှန်း၏ မျက်ဝန်းများက ရေခဲတမျှအေးစက်ကာ သတ်ဖြတ်လိုစိတ်အငွေ့အသက်များ ထုတ်ပြီး ပြင်းပြင်းထန်ထန် စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။

'ငါလေးက နင့်ကိုကြောက်မယ်ထင်နေလား ၊ ခွေးစုတ်လေး!'

ခွေးကြီးမှာ နောက်ကျောကိုကွေးပြီး သူ့ပိုင်နက်ကိုလာရောက်ကျူးကျော်သူပမာ သူမအား စိုက်ကြည့်နေသည်။ အူသံများက သူ့လည်ချောင်းထဲကနေ ထွက်လာလေသည်။ ရှီရှန်း သူ့ကို တိတ်တဆိတ် လက်ခလယ်ထောင်ပြလိုက်၏။

"ဝုတ်!"
ခွေးက ဒေါသထွက်သွားပုံပေါ်ကာ ဒေါသတကြီးခုန်အုပ်လာလေသည်။ ရုတ်တရက်ခုန်အုပ်မှုက ရှီရှန်းကို သတိလက်လွတ်ဖြစ်သွားစေသော်ငြား သူမရှောင်လိုက်နိုင်သည်။ သို့သော်ငြား သူမကျောမှာ ပန်းများဖြင့် ထိုးထွင်းထားသော လက်ရန်းနှင့် တိုက်မိသွားသည်။ ကျယ်ပြန့်သောအစွန်းများက သူမနောက်ကျောနှင့် ပွတ်မိသွားကာ ကျောဘက်ကနေ စူးခနဲ နာကျင်သွားလေသည်။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now