ကျေးဇူးတင်လွှာ

4.3K 268 53
                                    

Uni

ပထမဆုံးကျေးဇူးတင်ရမယ်ဆို ဒီဇာတ်လမ်းကိုအစပြုပေးတဲ့ အဆုကိုပဲကျေးဇူးတင်ရတော့မှာပဲ။ နင် ပျင်းနေရင် စာရေးလေလို့ တိုက်တွန်းခဲ့တဲ့ ကောင်မလေးကြောင့် ဒီဇာတ်လမ်းကိုရေးဖြစ်တာပါပဲ။ ဒီဇာတ်လမ်းကို အင်တာနက်မရခင်၊ ကျဥ်းကျပ်ပြီးစိတ်ရှုပ်ထွေးစရာကောင်းလှတဲ့ ကာလမှာထွက်ပေါက်အဖြစ်ရေးခဲ့တာပါ။ ဒါကြောင့် ပစ်ရဲ့ စာရေးသက်တမ်းမှာ မြန်မြန်အရေးနိုင်ဆုံးနဲ့ complete ဖြစ်တာအမြန်ဆုံး၊ နောက်ပြီး အကုန်ပြီးစီးမှ wattpadမှာ ချပြခဲ့တဲ့ ပထမဆုံးfictionတစ်ခုဖြစ်ပါတယ်။ အဆက်တွေရှိပါသေးတယ်လို့ ပစ်ပြောခဲ့ပါတယ်။ ရေးမှာပါ။ အချိန်တော့ မသေချာပေမဲ့ပေါ့လေ။

ကဲ နှုတ်ဆက်ရတော့မယ်ဆိုတော့ အရင်ဦးဆုံးဟာကွက်တွေများစွာအတွက် အနူးအညွတ်တောင်းပန်ချင်ပါတယ်။ အဓိကက ဇာတ်သိမ်းပေါ့လေ။ ပစ်ကဇာတ်သိမ်းအားနည်းတတ်တယ်လို့ မမတွေက ပြောဖူးတယ်။ ပစ်က ဇာတ်သိမ်းမသိမ်းတတ်ပါဘူး။ ဒါပေမဲ့ပေါ့လေ အတတ်နိုင်ဆုံး အစအလယ်အဆုံးကို ကျစ်ကျစ်လေးဖြစ်အောင် ရေးပေးထားပါတယ်။ တစ်ချို့ဇာတ်ကွက်တွေက ဖတ်သူအတွက်ရုတ်တရက်ဆန်နေပါလိမ့်မယ်။ စိတ်အရမ်းမြန်တတ်တဲ့ လူမို့ကတစ်ကြောင်း၊ အရေးအသားအတွေးအခေါ်မရင့်ကျက်သေးတာကတစ်ကြောင်းမို့ ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်ပါတယ်။ ထပ်ပြီးကြိုးစားရင်း ကြိုးစားသွားပါ့မယ်။ ဒီလို လိုအပ်ချက်ပေါင်းများစွာနဲ့စာကို voteပေး၊ ဖတ်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ချစ်လည်းချစ်ပါတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးလုံးအတွက် ချစ်ပါတယ်။ ဒီတော့ အဆက်နှစ်ပုဒ်ရေးတဲ့အခါကျရင် ဒီကိုလာ Announce ပါ့မယ်။ အဲ့ဒီအခါလည်း ဖတ်ပေးကြပါလို့ တောင်းဆိုရင်း တော်သေးပြီ။

နေဦး😂 ခဏ။ ဒုတိယတစ်ပုဒ်တော့ မရေးရသေးပေမဲ့ မိတ်ဆက်လေးဖတ်သွားပါဦး ဟဲဟဲ။

ပိုင်စိုးရခန္ဓာကိုယ်ထဲဝင်နေတဲ့ ကောင်လေးဟာ အရမ်းကို တိတ်ဆိတ်သွားတယ်။ သူက ဘယ်လိုပဲ မှတ်ဉာဏ်တွေပြန်မရဘူးဆိုဆို သူက မိန်းကလေးတစ်ယောက်ကို ချစ်ခဲ့ဖူးပြီး သူ့နှလုံးသားက အချစ်စစ်ခဲ့ပါရက် နာကျင်မှုကိုသာ ခံစားခဲ့ရတယ်။ သူက မသိစိတ်ထဲက နာကျင်မှုတွေကြောင့် လူတွေနဲ့အရာတော်တော်များများကို ကြောက်တတ်တဲ့ စိတ်ရောဂါရသွားတယ်။

Love Zone (Completed)Wo Geschichten leben. Entdecke jetzt