EP(22)

6.1K 601 0
                                    

Uni

လေထုငြိမ်သက်နေသော အခန်းငယ်လေးကို သူ ဝေ့ဝဲကြည့်မိသည်။ အပြင်ကို နားစွင့်ကြည့်၏။ အပေါ်ထပ်နဲ့‌ အောက်ထပ်မို့ ဧည့်ခန်းက စကားသံတွေက ဒီအထိတက်မလာနိုင်ဘဲ နားထဲမှာတိတ်ဆိတ်နေသည်။ မနေနိုင်စွာ နာရီကိုတစ်ချက်ကြည့်လိုက်မိသည်။ အဘိုးလာပြီဟုဆိုကာ ဘုရင် အပြင်ကိုထွက်သွားတာ မိနစ်၃၀ကျော်လုပြီ။ ဒီနေ့ကျမှ ဖေဖေကလည်း နားရက်ယူမည်ဟုဆိုကာ အလုပ်မသွားတော့။ ဒါကြောင့် ဖြစ်လာသည့် ကိစ္စတွေမှာ အိမ်ရဲ့ ဧည့်ခန်းထဲ၌ လူစုံနေပေလိမ့်မည်။ သူ့အမေနဲ့အဖေ... ဇာတ်လိုက်နဲ့သူ့အဘိုး...။ ဘာတွေများပြောနေကြမလဲ။ စောင့် နေရင်းသား လူက မနေနိုင်အောင်ဖြစ်လာသည်။
နာလန်ထစမို့ မနက်ပိုင်းလည်း ဆန်ပြုတ်နဲ့ပဲနှစ်ပါးသွားရကာ အင်္ကျီကိုတောင်မှ အဖြူအပြာကျား လက်ရှည်တီရှပ်လေးကို ဝတ်ပေးခံထားရတာဖြစ်သည်။ နောက်ပြီး ဝတ်လေ့မရှိသော ဘောင်းဘီရှည်ကြီး တလွှားလွှားနှင့်။ ဖြူဖျော့နေသော အသားအရည်တို့က နေမကောင်းသူဆိုတာကို သိသာစေလျှက်။ ခုတင်ပေါ်က အလောတ ကြီး ထရပ်မိတော့ ငြီးစီစီဖြစ်နေသေးသည့်ခေါင်းက မိုက်ခနဲဖြစ်သွားကာ

“အစ်ကိုလေး ရရဲ့လား။ သမီး ဘာလုပ်ပေးရမလဲ”

အိမ်အကူကောင်မလေးက ဘယ်ကဘယ်လိုအခန်းထဲဝင်လာသလဲတော့မသိ။ သူ့လက်‌မောင်းကို လာတွဲပေးသည်။

“အဲ့လောက်မလိုပါဘူး။ ငါကရတယ်”

“ဟုတ်ကဲ့”

သူ လက်ကာပြလိုက်တော့ ဟုတ်ကဲ့ဟုဆိုကာ ခပ်လှမ်းလှမ်းမှာသွားရပ်နေသည်။ ပုံစံကိုက တစ် ယောက်ယောက်က စောင့်ကြည့်ဖို့မှာထားလို့ သူ့ကိုစောင့်ကြည့်နေသလိုမျိုး။ သူ စိတ်ရှုပ်လာသည်မို့ နားထင်ကိုဖိလိုက်ကာ

“မေမေတို့ ဧည့်ခန်းမှာဘာတွေပြောနေလဲ။ နည်းနည်းသွားကြည့်ပေးပါလား။ အပြန်ကျ သံပုရာရည် တစ်ခွက်လောက် ယူလာခဲ့ပေး”

“ဟုတ် အစ်ကိုလေး”

သူခိုင်းလို့သာ သွားရပေမဲ့ သူမပုံစံက မသွားချင်ပုံရကာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်မို့ သူစဥ်းစားခန်းဝင်မိသည်။ ဇာတ်လိုက်များ သူ့ကိုစောင့်ကြည့်ဖို့မှာသွားလေသလား။ ဒါမှမဟုတ် မေမေကများ သူနေမကောင်းလို့ တစ်ယောက်တည်းမထားပါနဲ့ဆိုပြီး မှာထားခဲ့လေသလား။ ထိုးကိုက်လာသည့် နားထင်အား ခပ်တင်းတင်းဖိထားလိုက်ကာ လှေကားလက်ရန်းဆီလျှောက်လာလိုက်သည်။ ဧည့်ခန်းထိတော့ သွားဖို့မရည်ရွယ်ပေမဲ့လည်း အသံကြားရ လောက်တဲ့ထိတော့ သွားပြီးစပ်စုချင်မိသည်။ ဘာတွေများဖြစ်ကုန်ပြီလဲ။

Love Zone (Completed)Where stories live. Discover now