EP(11)

6.8K 921 24
                                    

Uni

“ငြိမ် နင်... နင်တကယ်ပြန်ရောက်လာပြီပေါ့လေ”

အသံကရွှင်မြူး၏။ အနည်းငယ်တုန်ခါဟန်ပါ၏။ သူ အနောက်ကိုလှည့်ကြည့်လိုက်တော့ အသံရှင်သည် မျက်ရည်ကလေးဝဲလျှက်ရှိကာ သူ့ဆီအားရပါးရပြေးလာ၍ လည်ပင်းကိုသိုင်းဖက်လိုက်သည်။ ထိုခဏဝယ် သူ့ ရင်ဘတ်တွေ တဒိန်းဒိန်းဖြစ်လာ၏။ အဆင်း၏ ကိုယ်မှ ရနံ့သင်းသင်းကလေးသည် သူ့ရင်ခုန်သံအား နည်းနည်းစီ နည်းနည်းစီ မျှားထုတ်ခေါ်ဆောင်နေ၏။ အဆင်းကိုပြန်ကြည့်လိုက်တော့ သူ့အား မျှော်လင့်ချက်ကြီးသော မျက်ဝန်းတို့ဖြင့် မော့ကြည့်နေတာကို မြင်လိုက်ရသည်။ ဒီခဏလေးမှာ သူ သူမအပေါ်နှစ်သက်မိတယ်ဆိုတာ မလိမ်ချင်ပါ။ သို့သော် တစ်ပြိုင်တည်းမှာပင် နှလုံးဆီမှ စူးအောင့်တက်လာသည်။ သူ ပြုံးလိုက်သည်။ အခု သူ့နှလုံးသားဆီမှာ သူမ အ တွက် ချစ်ခြင်းနဲ့ မုန်းခြင်းက ရောသမမွှေကာတည်ရှိနေသည်။ ချစ်ခြင်းက မူလတည်ငြိမ်ယင်း၏ ခံစားချက်ဖြစ်ကာ မုန်းခြင်းကတော့ သူ့ခံစားချက်ပင်ဖြစ်သည်။ မုန်းတီးနေသော ခံစားချက်ကြားမှ အားယူကာ သူပြုံးပြလိုက်သည်။

“ကြည့်စမ်း ငြိမ်... နင်ချောလာလိုက်တာဟယ်။ နင် နေနိုင်တယ်နော်။ ဟိုသွားတာ ဘာဖြစ်လို့ ငါ့ကို မပြောရတာလဲ။ ဖုန်းဆက်တော့လည်း ဘယ်တော့မှ မရဘူး။ နင်လေ ငါ့ကိုလည်း တစ်ခါမှဖုန်းမဆက်ပါလားဟင်။ နင် ငါ့ကို စိတ်ကောက်နေလို့လား။ ငါ ဘာလုပ်မိလို့လဲဟင်”

သူ ခေါင်းခါလိုက်မိသည်။

“မဟုတ်ပါဘူးဟာ။ ငါ... ငါမှနင့်ကိုသေချာမမှတ်မိသေးတာ”

“ဪ... ဟုတ်သား”

သူမထံမှ စကားသံတိုးတိုးထွက်လာသည်။ ထို့နောက် စိတ်အားငယ်သွားသလိုခေါင်းငုံ့၏။ အတန်ကြာမှ ပြန်လည်ရွှင်မြူးလာဟန်ဖြင့် ခေါင်းပြန်မော့ကာ

“ရပါတယ်ဟာ နင်မမှတ်မိတော့လည်း ငါတို့သူငယ်ချင်းပြန်လုပ်ကြတာပေါ့ နော်။ ငြိမ် နော်”

သူ မျက်ခုံးပင့်ပြီး ယောင်ယောင်ကလေး ပြုံးလိုက်သည်။

“ရပါတယ်။ ဪ ဒါနဲ့ နင့်ကြည့်ရတာ ထူးဆန်းနေသလိုပဲ။ ကောင်လေး ဘာညာရပြီလား”

Love Zone (Completed)Where stories live. Discover now