EP(4)

8.1K 877 51
                                    

Uni

ဇာတ်လမ်းစလာပုံလေးက ရှင်းလှပါသည်။ ကောင်မလေးနဲ့ ကောင်လေး ငယ်သူငယ်ချင်းတွေဆိုသည့် အဖြစ်နဲ့စသည်။ ကောင်လေးက ဆရာဝန်သိပ်ဖြစ်ချင်သည်။ ဒါကြောင့်မို့ အတော်ကိုအပြင်းအထန်စာကြိုးစားခဲ့သည်။ ကောင်မလေးကျတော့ ရည်မှန်းချက်ကြီးကြီးသိပ်မရှိ၊ စာကိုပုံမှန်လေးပဲ မျှောလိုက်သည်။ ကောင်လေးက ကောင်မလေးကို ငယ်ငယ်လေးကတည်းက ကြိတ်ချစ်လာတာဖြစ်ပြီး သူ့အချစ်က စံတင်ရလောက်သည်။ ကောင်မလေး မျက်နှာတစ်ချက်မညှိုးစေရ၊ အရာအားလုံးကို အလိုလိုက်ပြီး ချစ်တယ်လို့ဖွင့်မပြောရုံတမယ် ချစ်ပေးတာဖြစ်သည်။ သူထင်တာက ဒီနှစ်ယောက်က ဇာတ်လိုက်တွေပေါ့လေ။ တကယ်တော့ ဘယ်ဟုတ်ပါ့မလဲ။ တကယ်တမ်းက ကောင်မလေးကပဲဇာတ်လိုက်ဖြစ်နေတာ ကောင်လေးကဇာတ်လိုက်မဟုတ်ဘူး။ ဇာတ်လိုက်မင်းသားက တက္ကသိုလ် ရောက်သည့်အခန်းကျမှ ပေါ်လာတာဖြစ်သည်။

ကောင်လေးက ဇာတ်လိုက်မကိုတအားချစ်တာကြောင့် ဇာတ်လိုက်မ ချွဲနွဲ့ပူဆာတော့ သူချစ်တဲ့ဆရာဝန်လိုင်းကို ပစ်ကာ ဇာတ်လိုက်မယူတဲ့ စီးပွားရေးတက္ကသိုလ်ကိုပဲ ရွေးခဲ့သည်။ အစက ကောင်လေးမိဘတွေကလည်း ဇာတ်လိုက်မနဲ့ သဘောတူပေးပေမဲ့ ဒီအချက်ကြောင့် ဇာတ်လိုက်မအပေါ်အမြင်မကြည်တော့ပေ။ တစ်နေ့တော့ ဇာတ်လိုက်ရဲ့ပုံကို ဇာတ်လိုက်မက အင်တာနက်ကနေတဆင့်တွေ့ကာ အရူးအမူးချစ်သွားခဲ့သည်။ ဒီအတွက်ကူညီပေးဖို့လည်း ကောင်လေးကို အကူအညီတောင်းခဲ့သည်။

ကောင်လေးက သူ့အသက်တမျှချစ်တဲ့ မိန်းကလေးက ချစ်ရသူတွေ့သွားတာကိုကြားရတဲ့အခါ သည်းခြေပျက်သလို အရမ်းခံစားခဲ့ရသည်။ ဇာတ်လိုက်မအနားမှာ သူနေခဲ့သမျှ တစ်ချိန်မှာ ဇာတ်လိုက်မက သူ့ကိုပြန်ချစ်လာမယ်လို့ သူတွေးခဲ့တာကိုး။ ဒါပေမဲ့ တွေးသလိုဖြစ်မလာတော့လည်း သူဟာ ဇာတ်လိုက်မကို မမုန်းနိုင်ပြန်ပါဘူး။ ဇာတ်လိုက်မ ဘယ်သူ့ကိုပဲချစ်ချစ် သူကတော့ ဇာတ်လိုက်မကိုပဲချစ်မယ်ဆိုတဲ့ စိတ်နဲ့ အားတင်းနေခဲ့တယ်။ ဇာတ်လိုက်နဲ့ မတော်တဆလိုပုံစံမျိုးနဲ့တွေ့ဖို့အတွက် ကောင်လေးက သေချာစီစဥ်ပေးခဲ့တယ်။ ကောင်လေးရဲ့အစီအစဥ် ကြောင့် ဇာတ်လိုက်မနဲ့ ဇာတ်လိုက်ဟာ ရင်းနှီးသွားကြတယ်။ ဇာတ်လိုက်မှာ အဘိုးတစ်ယောက်ရှိတယ်။ ဇာတ်လိုက်က ဆေးမေဂျာဖြစ်ပြီး ခန့်မှန်းမရအောင်လည်း ချမ်းသာတယ်။ နောက်ပြီး ဇာတ်လိုက်ဟာ အရမ်းယဥ်ကျေးပြီး သဘောကောင်းတဲ့ ယောက်ျားပီသသူတစ်ယောက်ဖြစ်တာမို့ သူ့ကို ကြွေကြတဲ့မိန်းကလေးတွေ အတော်များတယ်။ အဲ့ဒီမှာ ဇာတ်လိုက်ရဲ့အဘိုးက ဇာတ်လိုက်ကို မတော်တဲ့ မိန်းကလေးနဲ့တွေ့မှာစိုးရိမ်ပြီး သူ့မိတ်ဆွေရဲ့သမီး မိန်းကလေး တစ်ယောက်နဲ့ စေ့စပ်ပေးလိုက်တယ်။

Love Zone (Completed)Where stories live. Discover now