EP(15)

6.8K 699 4
                                    

Uni

ခြေထောက်ဆီမှ စူးခနဲခံစားချက်ကြီးကို ခံစားလိုက်ရပေမဲ့ သူ အဲ့ဒါလောက်ကို အဖက်မလုပ်နိုင်အား။ သူ ပြေးနေသည်။ သူ့ခြေထောက်တွေကို အသားကုန်လှမ်းထောက်ကာ သူ ပြေးနေရသည်။ လျှောက်လမ်းနီကြီးသည် ဘယ်တော့မှ မဆုံးတော့မည့်အလား အတော်လေးရှည်လျားလှသည်။ အရှေ့ကိုမျှော်ပြီးပြေးနေပေမဲ့ ထွက်ပေါက်ရှိပါ့မလားလည်း သူ့မှာ သေချာတယ်လို့မရှိ။ အလင်းရောင်ဆိုတာကလည်း ကိုယ့်မျက်စိတစ်ထောက်စာလေးပဲ မြင်နေရတာမျိုးဖြစ်သည်။ အရှေ့ကို ဘာရှိလဲလို့ လှမ်းကြည့်လို့မရသလို အနောက်မှာ ဘယ်သူလိုက်လာလဲဆိုတာလည်း မသိရ။ ဒါပေမဲ့ ခြေသံတွေကို သူကြားနေရသည်။ အေးအေးလူလူလာတဲ့ ခြေသံမျိုးပေမဲ့ အားကုန်ပြေးနေတဲ့ သူ့နောက်ကို ထပ်ကြပ်မကွာလိုက်လာနိုင်တာ ဘာဖြစ်လို့ပါလိမ့်။

နောက်ပြီး သူကရော? ဘာဖြစ်လို့ဒီလောက်တောင် ပြေးနေရတာလဲ။ ဒါလည်း သူမသိ။ သူသိတာက သူ ပြေးနေမှဖြစ်မည်။ ဟောဒီလျှောက်လမ်းနီကြီးနဲ့ ဝေးရာဆီသို့၊ ဒါမှမဟုတ် အနောက်ကခြေသံရဲ့ ဝေးရာဆီသို့ သူ ပြေးမှဖြစ်မည်။ အလင်းရောင်မရှိတာ၊ အသံတွေကြားနေရတာကိုလည်း သူ့မှာ ကြောက်စရာလို့မထင်နိုင်။ ပြေးလွှားခြင်းကိုသာ အားစိုက်၍ လုပ်ဆောင်နေရသည်။

“ဟင်”

သူ ခြေလှမ်းတွေက အသားကုန်အရှိန်မြှင့်နေရာမှ သိသိသာသာနှေးကျသွားသည်။ တံခါး... တံခါးတစ်ချပ်က သူနဲ့မလှမ်းမကမ်းမှာရှိနေပြီ။ လွတ်ပြီ။ သူ အားရဝမ်းသာပြုံးလိုက်ကာ တံခါးလက်ကိုင်ကို လှမ်းဆွဲလိုက်သည်။ သို့ပေမဲ့ သူ့လက်က တံခါးဆီလှမ်းလို့မရဘဲ တစ်စုံတရာက ဆွဲထားသလို တုံ့ဆိုင်းနေသည်။ သူ ကြည့်လိုက်တော့ သူ့လက်မှာ ကြိုးနီတွေ အများကြီး။ ဘယ်ဘက်လက်မှာရော၊ ညာဘက်လက်မှာပါ အပြည့်အသိပ်ချည်ခံထားရတာဖြစ်သည်။ သူ‌ သွေးပျက်သွားမိသည်။ မဟုတ်ဘူး။ လွတ်တော့မှာလေ။ ငါလွတ်တော့မှာပါဆို။ သူ အားအကုန်သုံး၍ ရုန်းလိုက်သည်။ ကြိုးနီတွေက မျှင်မျှင်ကလေးတွေပေမဲ့ တစ်ချောင်းတလေပြတ်သွားဖို့တောင် သူမလုပ်နိုင်။ တံခါးကို သူ မြင်နေရသည်။ လှမ်းဆွဲလို့ရသည့်အနေအထားမှာလည်းရှိသည်။ ဒါပေမဲ့ သူမလုပ်နိုင်။ သူ့လက်တွေတင်မကဘဲ ခြေထောက်တွေကိုပါ အချည်ခံထားရသည်။

Love Zone (Completed)Where stories live. Discover now