သူစိမ်း(part-21)[Zawgyi&Unicode]

Start from the beginning
                                    

"နာမည်မပြောရင် မပြန်ဘူး..."

"အေး မေပိုးဦးတဲ့... ဟိုကရေခဲတုံးလေး မင်းနားညည်းနေတာနဲ့မင်းကိုတွေ့တာ နဲ့ရှောင်သွားလိမ့်မယ်...."

"ဟား...ဟား..."

နိုင်သော်ကညKing သာဆိုပေမယ့်မျက်နှာကစပ်ဖြဲဖြဲရယ် အခုလည်းရယ်ကာထသွားပြန်သည် သူဒီလိုလုပ်နေပုံနဲ့ အကိုနဲ့တိုးလို့ကတော့ဟူး....

"နင့်မလဲနော် လင်ရှိတာတောင်ကြိုက်တဲ့လူတွေကဝိုင်းလို့...."

"ငါကျတော့လည်း ကောင်မလေးလိုချင်တာအရိပ်တောင်မတွေ့ရဘူး..."

"အမှုံတစ်ယောင်လုံးရှိနေတာကို..."

"အမယ်လေး တော်စမ်းပါအမှုံဆိုရင်ကြောက်လွန်းလို့... ပြီးရင်သူကနင့်မောင်နဲ့လေ"

ဟိန်းထက်ကတကယ်ကို သူငယ်ချင်းကောင်းပီသသည် အခုလည်း liam တစ်ယောက် တည်းအကို့မာမီကိုစောင့်နေရတာကြောင့်ဝိုင်းစောင့်ပေးပြန်သည် ဒီလူ‌တွေကliam အတွက်တော့အကောင်းဆုံးဖြစ်သည် ဟိန်းထက်‌န‌ဲ့စကပြောနေတုန်း ရောက်လာသည့်
အကို့မာမီ မီးခိုးရောင်ရင့်ကကိုသူကိုယ်တိုင်မောင်းလာတဲ့ဒေါ်နှင်းခက လှသည်ထက်ကိုပိုသည် ကျက်သရေကလည်းရှိသေးသည် အမေဒီလောက်လှလို့သားဒီလိုချောတာပါလေ

"သမီးလာ တတ်လေ..."

ကားမှန်တံခါးချကာပြော‌လာသောအန်တီ liamလည်း ဟိန်းထက်ကို နှုတ်ဆက်ကာအန်တီနဲ့အတူ ၀တ်စုံဆိုင်သို့သွားရတော့သည် အန်တီကliam ဆိုသိပ်ဂရုစိုက်သည် တစ်ခါတစ်လေဆို အကိုကြိုက်တဲ့ဟင်းကော liam ကြိုက်တဲ့ဟင်းကိုကော သူကိုယ်တိုင်ချက်ကာ လာပို့ပေးထားတတ်သည် အခုလည်းအကိုတို့ Companyရဲ့ အရေးကြီးဆုံးပွဲဖြစ်တာမို့ သေချာပြင်ဆင်ပေးနေပြန်သည်

ဆိုင်ကကြည့်လိုက်တာနဲ့ ပိုက်ဆံရှိအတန်းစားတွေအတွက်ဖွင့်ထားမှန်း liam ရိပ်မိသည် ဆိုင်ပိုင်ရှင်က အန်တီရဲ့သူငယ်ချင်းဖြစ်တာကြောင့် ပိုင်ရှင်ကိုယ်တိုင်က liam နဲ့လိုက်မယ့်၀တ်စုံတွေပြပေးပေမယ့် သိပ်မကြိုက်ပါ အရမ်းဘလင်းဘလင်းဖြစ်တာကျ ပွဲမှာစိတ်ရှုပ်နေရမယ်လေ ပြီးရင်လည်းလူတွေကြားထဲထင်းနေအုန်းမှာ အဲ့တော့ simpleဖြစ်တာလေးကိုဘဲဦးစားပေးရှာခိုင်းလိုက်တော့တယ်.....

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now