Ch 12.2 (The Last Part)

1.1K 80 6
                                    

Unicode ( Zawgyi below)


Jeno's POV

1308 ဟူသောဂဏန်းလေးလုံးပါသော အကျဉ်းသားဝတ်စုံကိုဝတ်ထားရတယ်

ကျွန်တော့်ရဲ့ထောင်အခန်းကျဉ်းကျဉ်းလေးရဲ့ Jaemin ရဲ့အိမ်ရဲ့ သုံးပုံတစ်ပုံစာလောက်ပဲရှိတယ်

ကုတင်ပေါ်ထိုင်နေရင်း ကုတင်အောက်မှာဖွက်ထားတဲ့ သဲလွန်ကြိုးတစ်ချောင်းကိုကျွန်တော်ထုတ်လိုက်တယ်

စာရွက် ၂ ရွက်နဲ့ ဘောလ်ပင်တစ်ချောင်းကကျွန်တော့်ရှေ့မှာအဆင်သင့်ရှိနေတယ်

ကျွန်တော်ထောင်ထဲရောက်လာတာ ၂ ပတ်ရှိပြီ အမှန်တိုင်းပြောရရင်ကျွန်တော်ထောင်ထဲမှာမနေချင်ပါ မနေချင်လို့လည်း လူသတ်သမားဘဝမရောက်ခင် ခါးပိုက်နှိုက်သမားဘဝကတည်းက ပတ်ပြေးရှောင်တိမ်းနေခဲ့တာမလား

ကျွန်တော်က ထောင်ထဲမှာစိတ်မွန်းကြပ်စွာနေနေရတဲ့အချိန်မှာ ကျွန်တော့်အနုပညာကဘာတွေများလုပ်နေမလဲ

သူ့ကိုမတွေးမိတဲ့ရက်ကျွန်တော့်မှာမရှိပါဘူး

ကျွန်တော့်ကိုတော့ တရားသူကြီးကရိုးရှင်းစွာနဲ့ပဲဆရားချမှတ်တယ် ရှေ့နေဆိုတာကျွန်တော့်အရှေ့မှာတောင်ရှိမနေပါ

"သေဆုံးသူ၏အလောင်းတွင် ရင်ဘတ် ၊ ဝမ်းဗိုက် တို့ကိုထိုးချင်းပေါက်သည်အထိ အချက်ပေါင်း ၃၂ ချက်ခန့် လူသတ်လက်နက်ဖြစ်သော သံချွန်ချောင်းကိုအသုံးပြု၍ ထိုးသတ်ခဲ့သော Lee Jeno သည် လူစိတ်ပင်မကပ်သည့်ရက်စက်လှသောလူသတ်သမားဖြစ်သည်ဟုယူဆ၍ရသည် ထို့ကြောင့်ပြစ်မှုကျူးလွန်သူ Lee Jeno ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်သည်   ပုံ   အမိန့်အရ ..." တဲ့လေ

လူစိတ်တောင်မကပ်ဘဲရက်စက်တယ်တဲ့လား

တရားသူကြီးကကျွန်တော့်ကိုဒီလိုပြောတယ်

အင်း ဟုတ်မှာပေါ့

နူးညံ့ခြင်းရယ်လို့အဆိပ်တွေကျွန်တော့်တစ်ကိုယ်လုံးပျံ့နှံ့ခဲ့ပြီးနောက်မှာ ကျွန်တော့်မှာအဲ့နူးညံ့မှုလေး မကွဲအက်ဖို့ ၊ အကြမ်းပတမ်းမနေရဖို့ ဂရုစိုက်ချင် ၊ ကာကွယ်ချင်တဲ့အထိကိုမြတ်နိုးခဲ့မိတာပဲ

AnemoneWhere stories live. Discover now