Ch -10

423 49 1
                                    

Unicode ( zawgyi below)

Jeno's POV

ကျွန်တော်သူနဲ့နေနေတုန်းမှာ သူ့ကိုဘာတွေပေးနိုင်လဲ

ကရုဏာနဲ့ကူညီမှုပေါ့

ဒါပေမဲ့ ကျွန်တော်ကာကွယ်မှုပါပေးလာမိတော့တယ်

မုတ်သုံရာသီကနှုတ်ဆက်ခါနီးဖြစ်လာတယ် Jaemin ကလည်းနေမကောင်းဖြစ်ကတည်းကအိမ်တွင်းပုန်းနေရတာ ၃ ပတ်လောက်ရှိပြီမို့ အပြင်ကိုတကဲကဲထွက်ချင်နေပြီ

ကျွန်တော်တားရင်တောင်မှမရနိုင်တော့တဲ့အချိန်မို့ ကျွန်တော့်မှာ သူအပြင်ထွက်ဖို့ပြင်ဆင်စရာရှိတာပြင်ဆင်ရတော့တယ်

သစ်သားပြားပေါ်သံမှိုထောက်ပြီး သံမှိုထိပ်ကိုတူနဲ့ထုကာစိုက်ထိုးလိုက်တယ် သစ်သားပြားထဲတဖြည်းဖြည်းစိုက်ဝင်သွားတဲ့သံမှိုကို ပိုပြီးသေချာဝင်အောင်တူနဲ့ထပ်ထုလိုက်သေးတယ် ဒါမှပေါ့ မဟုတ်ရင် အချွန်လေးထွက်နေလည်း အဲ့ကနေခြစ်မိ ၊ ရှမိတာတွေဖြစ်နိုင်တယ်လေ

ဒါပါပဲ သူအပြင်ထွက်ဖို့ကျွန်တော့်မှာပြင်ဆင်စရာရှိတာတွေပြင်ဆင်ရတယ်ဆိုတာ ဒါတွေပဲပေါ့

ကျိုးနေတဲ့ သစ်သားလှေကားထစ်တွေကို တူနဲ့ပဲဖျက်ပြီး အပြီးဖြုတ်။ ခိုင်တဲ့သစ်သားပြားအသစ်တွေကိုအဲ့နေရာမှာအစားထိုးပြီးပြင်နေတာပါပဲ

သူထပ်ချော်လဲမှာကိုကျွန်တော်မလိုလားတော့ပါ

​ဟိုခြစ်မိ ၊ ဒီခြစ်မိနဲ့ဒဏ်ရာရရင်တောင် ဖျားသွားတတ်တဲ့ နုနယ်တဲ့ကောင်လေးမဟုတ်လား ကျွန်တော် မတရားကိုဂရုစိုက်သင့်တာပေါ့

အိမ်မှာငွေသုံးဖို့မရှိတော့တဲ့အခါကကျွန်တော်ခါးပိုက်နှိုက်တာ ဟိုကမိသွားပြီးအုပ်စုလိုက်ဝိုင်းဆော်လို့ သူတို့လက်ထဲကဓားမြှောင်နဲ့လက်မောင်းကိုခြစ်မိတုန်းကလည်း သူကျွန်တော့်ကို ကျွန်တော်ထင်ထားတာထက် ဂရုစိုက်ခဲ့တယ်

ကျွန်တော်ဟာခါးပိုက်နှိုက်ပါလို့မဝန်ခံဘဲသူ့ကိုလိမ်နေရတာမို့ ကျွန်တော့်ရဲ့အလိမ်အညာတွေနဲ့မလိုက်အောင်ကိုသူကစိတ်ပူပြီးဂရုစိုက်ခဲ့တယ်

AnemoneOnde histórias criam vida. Descubra agora