Ch-11

413 52 0
                                    

Unicode ( Zawgyi below)

Jeno's POV

သူကိုယ်တိုင်သိုးမွေးထိုးထားသောသိုးမွေးထည်လေး ၄ ထည်လောက်ကိုသပ်သပ်ရပ်ရပ်ခေါက်ပြီး တစ်ထည်ပေါ်တစ်ထည်ထပ်နေတဲ့ Jaemin နားကျွန်တော်ထိုင်ချလိုက်တယ်

ကျွန်တော်ကတော့အားမလိုအားမရဖြစ်နေပေမဲ့ သူကတော့အရမ်းတင်းတိမ်နေပါတယ်

"ဒီတစ်ခါငါသွားမယ်"

ကျွန်တော်က ရန်တွေ့ဖို့နဲ့ဘာဖြစ်ဖြစ်ရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေတဲ့လေသံနဲ့ပြောလိုက်တော့ သူက "နေပါစေ" ဆိုတဲ့သဘောနဲ့ခပ်ယဲ့ယဲ့ပြုံးတယ်

"မင်းသွားလည်းဒီဈေးပါပဲ"

"ဟာာ ငါ့ကိုမင်းအထင်သေးတပဲ ဒါသက်သက်ကိုအထင်သေးနေတာ"

"အထင်သေးတာမဟုတ်ပါဘူးကွာ အဲ့ဝယ်သူ အဘိုးကြီးကအသက်ကြီးသလောက်အရမ်းလောဘကြီးတာ အဲ့တော့ငါမှမဟုတ်ဘူး ဘယ်သူ့ကိုမဆိုခေါင်းပုံဖြတ်မှာပဲ ငါ့ကိုတော့ပိုပြီးဖြတ်တာပေါ့ မင်းကလည်းငါ့ရဲ့လူဆိုတာသိရင် ခေါင်းပုံဖြတ်နေကျဈေးနဲ့ပဲပေးလိမ့်မယ်"

ကျွန်တော်ကတော့သူပြောတာလက်မခံပါ သူ့ရဲ့နူးညံ့တဲ့လက်နဲ့ကိုယ်တိုင်ထိုးထားတဲ့နူးညံ့သောသိုးမွေးထည် ၄ ထည်ကို စက္ကူပုံးလေးထဲထည့်လိုက်တယ်

အဲ့စက္ကူပုံးကိုကျွန်တော်သူ့လက်ထဲကဆွဲလုလိုက်တယ်

လုပြီးမှ သူ့လက်နုနုလေးနာသွားလားဆိုပြီး သူ့လက်ကိုအမြန်ကိုင်လိုက်မိတယ်

"နာသွားလား"

"မနာပါဘူး"

"ငါသွားမယ် ဒီတစ်ခါ.... တစ်ထည်ကို ဝမ် ၄၀၀၀ နဲ့ဝယ်တာမလွန်ဘူးလား ငါတစ်ထည်တစ်သောင်းနဲ့ရအောင်ဝယ်လာပြမယ်"

"အများကြီးတော့လည်းမတောင်းပါနဲ့ Lee Jeno ရယ်"

"အများကြီးမတောင်းပါဘူး ထိုက်သင့်သလောက်ပဲတောင်းမှာပါ"

ကျွန်တော်စက္ကူပုံးကို မ လိုက်ပြီးသူ့နားမှထလိုက်တယ်

"ဒါနဲ့ Jeno"

" အင်း ပြော?"

"ငါတို့ စန္ဒရားလေးရှိတဲ့နေရာကိုထပ်သွားကြရအောင်လား"

AnemoneWhere stories live. Discover now