Ch-7

408 53 2
                                    

Unicode (Zawgyi below)

Jeno's POV

ကျွန်တော်တစ်ခုခုသာပြင်ဆင်ခွင့်ရမယ်ဆိုရင် ကျွန်တော်အဲ့ကောင်လေးကိုမသနားခဲ့သင့်ပါ

အခုတော့သမားရတဲ့သူရှိနေတော့ အလိုလိုနေရင်းနဲ့ ကရုဏာတွေပေးချင်သလိုတွေဖြစ်နေရော

ရိုးရှင်းနေတဲ့ကျွန်တော့်ဘဝလည်းသူဝင်လာမှရှုပ်သလိုလိုတွေဖြစ်ကုန်တယ် အခုကျွန်တော်ခြေချထားတဲ့မြက်ခင်းပြင်ဟာသက်သေပဲပေါ့

မြေကြီးထက်နူးညံ့တဲ့မြက်ခင်းဟာ မိုးရေတွေအဝသောက်ထားရလို့ပိုပြီး နူးအိနေတယ်

ဒီကွင်းပြင်ဘေးဘီမှာ ဘာမှသိပ်မရှိပုံထောက်ရင်ဒီကွင်းပြင်လေးဟာလူမသိသူမသိတဲ့နေရာလေးတစ်ခုပဲဖြစ်ပါလိမ့်မယ်

လှတဲ့ပန်းလေးတွေတချို့နဲ့ မြက်ခင်းပြင်ရယ်ဟာပနာသင့်ပေမဲ့ မြက်ခင်းပြင်ပေါ်မှာ မကျဉ်းလွန်းမကျယ်လွန်းတဲ့ သစ်သားအိမ်ဟောင်းလေးတစ်ခုကတစ်အိမ်တည်း တထီးကြီးရှိနေတယ်

ဒီနေရာဟာကျွန်တော်နဲ့လုံးလုံးလျားလျားမသက်ဆိုင်သောနေရာတစ်ခုပါ

ခါးပိုက်နှိုက်တစ်ယောက်ဟာ လူမရှိဘဲရှင်းနေတဲ့နေရာတွေကိုသွားလိုစိတ် ၊ နှစ်သက်တဲ့စိတ်များရှိဖူးလို့လား

အလွယ်တကူသားကောင်ရှာရတာလွယ်တဲ့ ၊ ခါးပိုက်နှိုက်တာကိုလွယ်လွယ်နဲ့သတိမထားမိတဲ့ လူစည်ကားတဲ့နေရာတွေကိုပဲတမင်ရွေးတတ်တာခါးပိုက်နှိုက်တွေရဲ့ အသက်မွေးဝမ်းကြောင်းအရပေးခဲ့တဲ့အကျင့်စရိုက်တစ်ခုသာဖြစ်တယ်

ကျွန်တော်လည်း လူမှန်းသိတတ်စအရွယ်ကတည်းကကလူများတဲ့မိဘမဲ့ဂေဟာမှာကြီးပြင်းလာတယ် တစ်ခါမှလည်းလူရှင်းတဲ့နေရာကိုကျွန်တော်ခြေမချဖူးပါ

အခုတော့ကျွန်တော်မဟုတ်တဲ့အတိုင်း ဒီနေရာမှာခြေချနေရတယ်

​ဒီနေရာမျိုး လူရှင်းတဲ့နေရာမျိုးကိုကျွန်တော်တမင်ရွေးပြီးရှာခဲ့တာဆိုရင်ပိုမှန်မှာပေါ့

လှနေအောင်ပွင့်ချင်တိုင်းပွင့်နေတဲ့ ပန်းအဖြူလေးတစ်ပွင့်ကို ခူးဖို့ကျွန်တော်ခြေလှမ်းတွေထပ်လှမ်းလိုက်တယ် ခြေတစ်ခါလှမ်းလိုက်တိုင်းမှာ နူးအိနေတံ့မြက်ခင်းပြင်နဲ့ထိတွေ့ရတိုင်း လမ်းတကာမှာလေလွင့်နေအောင်သွားနေခဲ့ရတဲ့ကျွန်တော့်ရဲ့ခြေဖဝါးတွေဟာ တုန်ခါပြီးရူးတော့မတတ်စိတ်ချမ်းသာသွားရတယ်

AnemoneWhere stories live. Discover now