Ch - 12

480 54 0
                                    

Unicode ( Zawgyi below)

Jaemin's POV

ကျွန်တော်သက်ပြင်းချကာ လက်ထဲကိုင်ထားသော သိုးမွေးထိုးတံ ၂ ချောင်းကို လွှတ်ချလိုက်တယ် သိုးမွေးထိုးတာအကွက်ကမှားသွားရပြန်ပြီ

ကျွန်တော်စိတ်နဲ့လူနဲ့မကိုက်ပါ

မနက်ကတည်းကတိုက်နေတဲ့ ထူးဆန်းတဲ့လေအေးတွေကလည်းကျွန်တော့်ကိုစိတ်ရှုပ်စေပါတယ်

မုတ်သုံရာသီကထွက်တော့မယ်ဆိုပြီး အခုထိသူ့အငွေ့အသက်တွေမကုန်နိုင်သေးတာကိုလည်းကျွန်တော်စိတ်တိုမိတယ် အချိန်မှန်ရွာတဲ့မိုးဟာ မုတ်သုံထွက်ခါနီးမို့ ရက်မှန်အောင်မရွာနိုင်တော့ ၊ မိုးသည်းတွေမရှိတော့တာကလွဲရင် မိုး ဆိုတာကြီးကကျန်နေသေးပြီးအပြီးမထွက်သွားနိုင်သေးပါ

ဒီနေ့ သူထွက်သွားတာ ၇ ရက်ပြည့်ပြီ သူကံကောင်းတယ်ပြောရမယ် သူကျွန်တော့်ရဲ့ အိမ်စုတ်လေးဖြစ်တဲ့အမိုးအကာအောက်မှာမရှိတဲ့ ၇ ရက်လုံး မိုးကတစ်စိမှမရွာပါ လေအေးတိုက်လိုက် ၊ လေပြင်းလေဝှေ့လိုက်နဲ့ ပြီးပြီးသွားတယ်

သူကအနည်းဆုံး ၇ ရက် ၊ အများဆုံး ၁၀ ရက်လို့သာပြောပြီးကျွန်တော့်ကိုစောင့်ဆိုင်းစေခဲ့တယ် ဘယ်သွားမယ်ရယ် ၊ ဘာ့ကြောင့်သွားမယ်ရယ်လို့တော့ပြောမသွားပါ

သူမရှိတဲ့ ၇ ရက်မှာ ကျွန်တော့်ဆီအထီးကျန်မှုကပြန်ရောက်လာတယ် ဒီတစ်ခါတော့စိုးထိတ်မှုကိုပါအဖော်ခေါ်လာတယ်

သူမရှိဘူးလေ ဆိုတဲ့အထီးကျန်မှုနဲ့ သူပြန်လာပါ့မလားဆိုတဲ့စိုးထိတ်မှုပေါ့

လူတွေအလွယ်တကူထင်တာက ကျွန်တော်ဟာခန္ဓာကိုယ်ကိုရောင်းစားတယ်တဲ့

တကယ်က ကျွန်တော်ဟာရုန်းမထွက်နိုင်တဲ့ငရဲမှာအတတ်နိုင်ဆုံးပျော်အောင်နေနေရတာဖြစ်တယ်

စိတ်နဲ့ကိုယ်နဲ့ကမကပ်တော့ အကွက်ခဏခဏမှားပြီးထိုးထိုးနေတဲ့ဒီသိုးမွေးထည်ကိုလည်းကျွန်တော်ဆက်ထိုးချင်စိတ်မရှိတော့ပါ

ဒီတစ်ခါကိုင်တွယ်နေရတဲ့သိုးမွေးချည်တွေကမနူးညံ့ဘူး

Lee Jeno ..... သူဘယ်တွေများသွားနေတာလဲ သူကျွန်တော့်ကိုရွံရှာပြီးတကယ်များထားသွားပြီလား

AnemoneWhere stories live. Discover now