Ch -8

433 51 1
                                    


Unicode ( Zawgyi below)

Jeno's POV

ကျွန်တော်ရော သူရော မိုးစိုနေတဲ့အဝတ်တွေလဲပြီး ခန္ဓာကိုယ်လေးနွေးဖို့ခေါက်ဆွဲပြုတ်နွေးနွေးလေးစားနေကြတဲ့အချိန်ထိကိုအပြင်မှာကြိုက်သလောက်သည်းနေတဲ့မိုးသည်းကမစဲနိုင်သေးပါ

ဒီနေ့မိုးသည်းဟာ သူနဲ့ကျွန်တော်ပထမဆုံးအတူဒီလိုပဲခေါက်ဆွဲစားခဲ့ကြတဲ့မိုးသည်းထဲမှာထက် ပိုနွေးနေသလိုခံစားနေရတယ်

အခုမှအနားသတ်လို့ပြီးတဲ့ဒီသိုးမွေးထည်ဟာလည်းပထမအထည်ထက်ပိုအိစက်ပြီးနွေးတယ်

"မိုးခြိမ်းတာကလွဲရင် မိုးနဲ့ပတ်သက်တွေအကုန်ရှိနေရင်ကောင်းမှာနော်"

သူကနူးညံ့စွာနဲ့ပြောတယ် သို့သော်သူ့ရဲ့နူးညံ့တဲ့အသံထဲမှာ အတိတ်ကအကြောင်းအရာတစ်ခုခုကိုပြန်လည်တမ်းတနေမှုတွေကိုကျွန်တော်ကြားနေရတယ်

ကျွန်တော့်မှာဘယ်လိုတုန့်ပြန်ရမှန်းမသိလို့ ပတ်တီးအဖြူစည်းထားတဲ့သူ့ခြေသလုံးကိုသာ သွေးနီစစိမ့်ပြီးစွန်းထွက်နေလားဆိုတာကိုပဲအကဲခတ်လိုက်မိတယ်

"ငါနဲ့ငါ့ရည်းစားကဒီမိုးသည်းထဲမှာပဲကွဲခဲ့တာလေ"

ဝါးလက်စခေါက်ဆွဲဖတ်ကိုတောင်ကျွန်တော်ဝါးဖို့မေ့နေခဲ့တဲ့အထိ သူ့ရဲ့ရုတ်တရက်ရင်ဖွင့်မှုကြီးကကျွန်တော့်ကိုအံ့အားသင့်စေတယ်

အဲ့အထိကျွန်တော်သူ့ကိုဘယ်လိုတုန့်ပြန်ရမလဲမသိသေးပါ....

"တစ်နေ့သူ့မှာငါ့အပြင်တခြားကောင်လေးရှိနေတယ်ဆိုတာကိုသိခဲ့ရတယ် စစသိချင်းအရမ်းလန့်သွားတာ သူနောက်တစ်ယောက်နဲ့တွဲနေတယ်ဆိုပြီးလန့်သွားတာထက် သူငါ့ကိုအရမ်းချစ်တယ်ဆိုတာတွေကလိမ်နေခဲ့တာပဲဆိုပြီးလန့်သွားခဲ့တာ သူလိမ်နေတာတွေကိုမသိဘဲ ငါကတော့ရှိသမျှအချစ်တွေအကုန်ပေးခဲ့တာလေ ဆုံးဆုံးပြောရရင် သူသွေးလိုရင်တောင်နှလုံးကသွေးတွေညှစ်ပေးဖို့အဆင်သင့်ဖြစ်နေခဲ့တဲ့အထိပဲ hahaa ရယ်စရာကောင်းတယ်မလား"

သူကကြေကွဲနေလျက်နဲ့အနူးညံ့ဆုံးလှောင်ရယ်မှုကိုပြုခဲ့သေးတယ်

AnemoneWhere stories live. Discover now