Khat Hnin(1)(U+Z)

Start from the beginning
                                    

သူမက လှပပြီးဖွံ့ဖြိုးတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသည်။
လေ့ကျင့်ခန်းကိုလဲမပြတ်လုပ်ကာ ရင်ဘက်ကမို့မောက်ပြီး ခါးသေးသေး နှင့် လိုက်ဖက်လှသည့် တင်ကားကား အိအိကြီးတွေ​ ရှိသည့်အပြင် မြန်မာ အင်္ကျီကို အ၀တ်များသဖြင့်လည်း ပုရိသများကြားမှာအထူး ရေပန်းစားသည်။

မြန်မာ၀တ်စုံကြီးပဲအမြဲ၀တ်နေတာလဲမဟုတ်ပဲ သူ့နေရာနှင့်သူ၀တ်ကာ အနုပညာအရည်အချင်းကလဲ မသေးတာကြောင့် လူကြီးလူငယ်မရွေးကြိုက်ကြသည့် မင်းသမီးတစ်လက်ဖြစ်သည်။

" အော် မမပါလား"

နားထဲကနားကြပ်ကို ချွတ်ကာ အရင်ဆုံးစပြောလိုက်သည်။

"အင်း မမ မင်းနဲ့ တရား၀င်မိတ်မဆက်ရသေးလို့ လာမိတ်ဆက်တာ ပိုပြီးလဲရင်းနှီသွားအောင်လေ"

ပြောကာ ကိုးရဲ့ဘေးကို၀င်ထိုင်လာသည်။
ကိုးကအေးဆေးနေချင်သဖြင့် နောက်ဆုံးတန်းရဲ့ အရှေ့ နှစ်ယောက်တွဲခုံမှာ တစ်ယောက်ထဲထိုင်နေတာဖြစ်သည်။

လူအားလုံးကရှေ့မှာပဲထိုင်ကြသဖြင့် Express ကားကြီးထဲတွင် ကိုးတို့ခုံက ရှေ့ကလူတွေနဲ့ အတော်အတန် အလှမ်း​ေ၀းနေသည်။

"ဟုတ် ခြူးကိုကိုးပါ မမ"

"မမက ခက်နှင်းပါရှင့်"

"သိပြီးသားပါမမရဲ့ မမကိုမသိတဲ့သူက ဘယ်သူများရှိမှာမလို့လဲ ဟဟ"

"ဒါပေမယ့် မမလဲမိတ်ဆက်ချင်တာပေါ့ ဟွန့်... ဒါရိုက်တာက ပြောပြီးပြီဖြစ်မယ်ထင်တယ် ဟိုရောက်ရင်မမကို အလှဆုံးရိုက်ပေးရမယ်နော်"

"မပြောလဲ အလှဆုံးတွေပဲရိုက်ပေးမှာပါနော် ကိုးက ဓာတ်ပုံရိုက်ရင် နှလုံးသားနဲ့ ခံစားပြီးရိုက်တာမလို့ မမအတွက်ကတော့ အထူးစပါရှယ်ပေါ့လေ"

"ရှင်လေး စကားအတော်တက်နော် ဟဟ"

မမ က နာမည်ကြီးဖြစ်သည့် သူ့ကိုမရှိန်အောင် ထွေရာလေးပါးပြောကာပေါ့ပေါ့ပါးပါး စကားပြောပေးနေသဖြင့် တခဏတွင်းမှာပင် ရင်းနှီးသွားသည်။
မမသည် အစက အရှေ့မှာထိုင်နေသော်လည်း ဟိုမရောက်မချင်း ကိုးဘေးမှာပဲထိုင်တော့မည့်ပုံပေါ်သည်။

Photographer ကျွန်မနှင့် Model များ🔞(U+Z)Where stories live. Discover now