သူစိမ်း(part-18)[Zawgyi&Unicode]

Start from the beginning
                                    

ညနေကပျင်းလွန်းတာကြောင့် liam မာမီတို့အိမ်ကိုခဏသွားလိုက်သေးသည် မာမီနဲ့တူကျောက်ကျောကြိုကာစားသောက်ပြီးမှ ပြန်လာလိုက်တော့သည် ပထမက ညအိပ်လိုက်မလို့ဘဲ ဒါပေမယ့်အကိုပြန်လာရင်ဆိုသည့် အသိကြောင့်ညမအိပ်ရတော့ဘဲ ပြန်လာခြင်းဖြစ်သည် liam လည်း ဝိုင်လေးသောက်ကာ movieထိုင်ကြည့်မိသည် စိတ်လေးလံနေတာကြောင့် အရင်ကထက်နည်းနည်းလေးပိုသောက်မိတယ်

"ကဲ အခု 10‌ နာရီတောင်ထိုးနေပြီ အားလုံးလည်းပင်ပန်းသွားကြပြီ အားလုံး နောက်ဆုံးအဆင့်ကို ဒီနေ့နဲ့မနက်ဖြန် ဖြတ်‌ကျော်နိုင်ရင် ပြီးပြီမို့နည်းနည်းတင်းခံထားပေးကြပါ "

"Yes Boss"

ညဆိုပေမယ့်အရေးကြီးသည့်အပိုင်းရောက်နေသည့်အတွက်အချိန်မရွေး‌ဆွေးနွေးနေရသည် ရှိန်းလည်းပြောစရာရှိတာ ပြောပြီးသည်နှင့်ရုံးခန်းပေါ်ကိုသာ တတ်ခဲ့လိုက်သည် liamကိုဖုန်းခေါ်ကြည့်တော့ မအားသေးပါနဲ့သာ တိုးနေသည် လွမ်းပါတယ်ဆိုသူလေးကဘယ်သူနဲ့ပြောနေလဲမသိ ဒီရက်ပိုင်းရှိန်းလည်း စိတ်ညစ်စရာတွေနဲ့သာ တိုးနေသည်အခုလည်းprojectကနောက်ဆုံးအဆင့်သို့ရောက်နေပြီမို့ ဟိုဖက်အဖွဲ့ကလူတွေကိုကော ဒီဘက်က၀န်ထမ်းတွေကိုရှိန်းမှာကွပ်ကဲ‌နေရသည် နေပိုင်ကလည်းသူ့ဘက်သူတာ၀န်ကျေပေမယ့် နီးလာလေနှစ်ယောက်လုံး အတွက်‌ အရေးကြီးလေဖြစ်လာသည်.... သူမကိုသူဘယ်‌လောက်ပင်ပန်းနေကြောင်း ရင်ဖွင့်လိုက်ချင်ပေမယ့် သူမစိတ်ပင်ပန်းသွားမည်ကိုလည်းရှိန်းမှာစိုးရိမ်နေရသည်.....

*ဒေါက် ဒေါက်*
ဒီအချိန်ကြီးတံခါး‌လာခေါက်တာကြောင့် ရှိန်းသောက်လစကော်ဖီခွက်လေးကို ကိုင်ကာသွားဖွင့်ပေးလိုက်သည်...

"အော်... မင်းပါလား ဘာကိစ္စရှိလို့လဲ"

"ရှိန်း မဒီလေရင်တွေမွန်းကျပ်လွန်းလို့ပါ" ကော်ဖီခွက်ကိုင်ထားတာကိုမတွေ့ဘဲအတင်းတွန်းကာကပ်၀င်လာသော မဒီ့ကြောင့် ရှိန်းရင်ဘတ်နားတွင်ကိုင်ထားသည့်ကော်ဖီခွက်မှာမှောက်ကျပြီး အင်္ကျီကိုပေသွားရသည်...

"ဟာ...ကျစ်"

"အို... ရှိန်းရယ် Sry ပါကွယ် မဒီမမြင်လိုက်လို့ပါ ပူသွားလားဟင်"

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now