"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က Antares ရဲ့ ဆေးရုံအုပ်.အသစ် ဇေဋ္ဌဦးခိုက် ဖြစ်ပါတယ်"
အတက်အကျ မရှိသည့် အသံဩဩနှင့် တည်တင်းနေသော မျက်နှာထားတို့မှာ တစ်သားတည်း ကျသည်။ ဆံပင်တို့ကို အနောက်သို့ လှန်တင်ထားခြင်းကြောင့် နဖူးထောင့်နားရှိ အမာရွတ်သည် ထင်းခနဲ။ ဇေဋ္ဌဦးခိုက်၏ မျက်နှာ၌ ပါးချိုင့်ပေါ်သည့်နေ့
အနောက်အရပ်မှ နေထွက်မည်ဟု ပြောစမှတ် ပြုကြသည် အထိ ထိုအမျိုးသား၏ မျက်နှာထားမှာ မာကြောလွန်းလှသည်။
မျက်ဝန်းတို့သည် သိမ်းငှက်တစ်ကောင်လို့ စူးရှသည်။ ထို့ကြောင့် အကြည့်ချင်း ဆုံမိလျှင်တောင် ချက်ချင်း ပြန်၍ ရုန်းထွက်ရသည်ဟု ပြောစမှတ် ပြုကြ၏။
"ကိုဇေ..."
ဝိုင်ကို မျှင်းသောက်နေသော ထိုအမျိုးသားသည် တစ်ဖက်လူ၏ ခေါ်သံကြောင့် မေးကို ဆတ်ခနဲ မော့ပြလိုက်၏။ နှုတ်ခမ်းသားထူထူ၏ အောက်၌
ခြေဆင်းရသော ဝိုင်ခွက်၏ ဖြစ်တည်မှုသည် ယခုတော့ တဖြည်းဖြည်း ငုတ်လျှိုးသွားရ၏။
"မိုင်ခမ်းနောင် သတိရလာပြီလို့ အကြောင်းကြားတယ်"
ဝိုင်ခွက်ပေါ် မှီတွယ်ထားသော လက်ချောင်းတို့သည် ခပ်တင်းတင်း ဖြစ်သွား၏။ မျက်မှန်အောက်၌ ရှိသော လေငြိမ်နေသည့် မျက်ဝန်းရိပ်တို့မှာ ယခုတော့ မုန်တိုင်းထန်နေသော ပင်လယ်ပြင် သဖွယ် လှုပ်လှုပ်ရှားရှား။ ထို့နောက် အနောက်အရပ်မှ ထွက်လာသော နေမင်းနှင့်အတူ ပါးချိုင့်ခွက် ခပ်ထင်းထင်းသည်လည်း ထင်းခနဲ ပေါ်လာတော့သည်။
Antares = ဇေဋ္ဌ
#29May21
"အားလံုးပဲ မဂၤလာပါ။ ကၽြန္ေတာ္က Antares ရဲ႕ ေဆးရံုအုပ္.အသစ္ ေဇ႒ဦးခိုက္ ျဖစ္ပါတယ္"
အတက္အက် မရွိသည့္ အသံဩဩႏွင့္ တည္တင္းေနေသာ မ်က္ႏွာထားတို႔မွာ တစ္သားတည္း က်သည္။ ဆံပင္တို႔ကို အေနာက္သို႔ လွန္တင္ထားျခင္းေၾကာင့္ နဖူးေထာင့္နားရွိ အမာရြတ္သည္ ထင္းခနဲ။ ေဇ႒ဦးခိုက္၏ မ်က္ႏွာ၌ ပါးခ်ိဳင့္ေပၚသည့္ေန႔
အေနာက္အရပ္မွ ေနထြက္မည္ဟု ေျပာစမွတ္ ျပဳၾကသည္ အထိ ထိုအမ်ိဳးသား၏ မ်က္ႏွာထားမွာ မာေၾကာလြန္းလွသည္။
မ်က္ဝန္းတို႔သည္ သိမ္းငွက္တစ္ေကာင္လို႔ စူးရွသည္။ ထို႔ေၾကာင့္ အၾကည့္ခ်င္း ဆံုမိလၽွင္ေတာင္ ခ်က္ခ်င္း ျပန္၍ ရုန္းထြက္ရသည္ဟု ေျပာစမွတ္ ျပဳၾက၏။
"ကိုေဇ..."
ဝိုင္ကို မၽွင္းေသာက္ေနေသာ ထိုအမ်ိဳးသားသည္ တစ္ဖက္လူ၏ ေခၚသံေၾကာင့္ ေမးကို ဆတ္ခနဲ ေမာ့ျပလိုက္၏။ ႏႈတ္ခမ္းသားထူထူ၏ ေအာက္၌
ေျခဆင္းရေသာ ဝိုင္ခြက္၏ ျဖစ္တည္မႈသည္ ယခုေတာ့ တျဖည္းျဖည္း ငုတ္လၽွိဳးသြားရ၏။
"မိုင္ခမ္းေနာင္ သတိရလာၿပီလို႔ အေၾကာင္းၾကားတယ္"
ဝိုင္ခြက္ေပၚ မွီတြယ္ထားေသာ လက္ေခ်ာင္းတို႔သည္ ခပ္တင္းတင္း ျဖစ္သြား၏။ မ်က္မွန္ေအာက္၌ ရွိေသာ ေလၿငိမ္ေနသည့္ မ်က္ဝန္းရိပ္တို႔မွာ ယခုေတာ့ မုန္တိုင္းထန္ေနေသာ ပင္လယ္ျပင္ သဖြယ္ လႈပ္လႈပ္ရွားရွား။ ထို႔ေနာက္ အေနာက္အရပ္မွ ထြက္လာေသာ ေနမင္းႏွင့္အတူ ပါးခ်ိဳင့္ခြက္ ခပ္ထင္းထင္းသည္လည္း ထင္းခနဲ ေပၚလာေတာ့သည္။
Antares = ေဇ႒
#29May21
