ခဏခဏကြားရပါများသည့်ထိုစကားတွေကိုလှစ်လှူရှုကာရိပေါ်အပေါ်ထပ်ကအိပ်ခန်းစီတက်သွားလိုက်တယ်။ဝမ်​အိမ်တော်ရဲ့သားအရင်းဖြစ်သည့်ရိပေါ်လေးကတကယ်အနေ အေးသူ။တော်ရုန်ဆိုအင်း အွန်းလောက်သာခွန်းတုံ့ပြန်တတ်သည့်ကောင်လေးကခံစားလွယ်ပြီးနှလုံးသားရေးရာမှာလည်းအတွေ့ကြုံနုနယ်လွန်းသူလေး။

ငိုထားလို့နီရဲနေသည့်မျက်ခမ်းဆက်လေးတွေကိုပုတ်ခပ်ပုတ်ခပ်လုပ်လို့ဦးငယ်ဆိုတဲ့လူကြီးကိုဦးနှောက်ထဲကအတင်းထုတ်ကြည့်တယ်...မရ...တဆက်တည်းတီလေးရီလျှမ်းအကြောင်းစဥ်းစားမိတော့ရှုပ်ထွေးလာသည့်စိတ်အစုံကြောင့်ဆံနွယ်ဝါနုနုလေးတွေကိုလက်ကလေးနှစ်ဖက်နဲ့ထိုးဖွရင်းစိတ်ရှုပ်ထွေးစွာအိပ်ခန်းဝမှာတင်ငုပ်တုပ်လေးထိုင်ချလိုက်တယ်။နှုတ်ခမ်းဆူဆူလေးကလည်းတိုးသဲ့စွာဆိုမိပြန်တယ်။

"ဥ​ီးငယ် ချီးထုပ်ကြီး!..."

ရိပေါ်ရဲ့မျိုးစုံသောအမည်ပေးခြင်းတွေကိုရှောင်းကျန့်သာသိရင်ချာတိတ်လေးကကွာဆိုကာတဟားဟားရယ်မှာမြင်ယောင်မိသေး။

ဟော့ တွေ့လား။မောင်းထုတ်လို့မဆုံးသေးအတွေးထဲရောက်လာသည့်ဦးငယ်ကအချိန်ခဏလေးနဲ့ရိပေါ်အတွေးတွေကိုပင်လွှမ်းမိုးနေလေပြီ။

အရင်ချိန်တွေတိုင်းဆို ဘာကိစ္စရှိရှိတီလေးရီလျှမ်းကိုရိပေါ်တိုင်ပင်နေကျ။ခုဟာကတီလေးနဲ့တိုက်ရိုက်ပတ်သပ်နေသည့်ပြဿနာမှာဦးငယ်ဆိုသည့်တီလေးယောက်ျားကအဆိုးရွားဆုံးပြဿနာဖြစ်နေခြင်း။

သူဘယ်လိုပြောရမလဲ။တီလေးယောက်ျားကကျွန်တော့်ကိုမရိုးမသားပြစ်မှားနေတယ်လို့လား။မဟုတ်ရင် ဦးငယ်ကကျွန်တော်နဲ့ဖောက်ပြန်ချင်နေတယ်လို့သွားတိုင်ရမှာလား။

ရိပေါ်အရဲစွန့်ပြီးတီလေးကိုတိုင်ပြောမယ်ဆိုရင်တောင်ဦးငယ်စီနစ်မွန်းနေသည့်တီလေးကျိန်းသေခံစားသွားရမှာမို့ရိပေါ်မှာတကယ့်ဂျင်းထဲဂျက်ထဲ။

ရီလျှမ်းကရိပေါ်အတွက်တီလေးဆိုတာထက်ပိုကာသံယောဇဥ်တွယ်မိသည့်တစ်ဦးတည်းသောအားထားရာမဟုတ်လား။ဦးငယ်အနိုင်ကျင့်နေတာတွေမနှစ်သက်ပေမဲ့တီလေးကိုလည်းရိပေါ်ဖွင့်မပြောလို။သူဘာလုပ်သင့်လဲ။

FOLLOW ME[Complete]Hikayelerin yaşadığı yer. Şimdi keşfedin