သူစိမ်း(part-14)[Zawgyi&Unicode]

Start bij het begin
                                    

"အမ နာမည်ပြောမှ ညီမတို့ကဖုန်းဆက်မေးပေးမှာ"

"မဒီ.....မဒီလို့သာပြောလိုက်" ၀န်ထမ်းကောင်မလေးတွေလည်း တစ်စွန်းတစ်စကြားဖူး၍ ဤအမျိုးသမီးကဘယ်သူလဲဆိုတာသိသွားပုံဘဲ

"ခဏစောင့်နော်..မေးပေးမယ်"

တကယ်ဘယ်လိုလေးတွေလဲမသိဘူးလူကိုဘာထင်လို့ဘယ်လိုအသံမျိုးနဲ့ပြောနေလဲမသိဘူး တွေ့အုန်းမယ် ငါ့နေရာငါပြန်ရောက်တဲ့နေ့သေဖို့သာပြင်ထား ဟုသာမဒီ စိတ်ထဲကကြိတ်တွေးနေလိုက်သည်

"အမ MDရဲ့ အတွင်းရေးမှူးက‌ပြောပါတယ် အရေးကြီးတဲ့အစည်းဝေးရှိနေလို့ မအားသေးဘူးတဲ့"

"ရှိန်းကိုပြောခိုင်းလိုက် တို့ကပြီးတဲ့ထိစောင့်နေမယ်လို့"

"အမ အချိန်မရှိဘူးလို့ပြောတယ်"

"အို ဒီမောင်ကလည်း"
သူမရဲ့အခေါ်အဝေါ်ကြောင့်ဘေးက၀န်ထမ်းများမှာ မျက်လုံးပြူးရသည်

*တီ...တီ*

"ကိုစည်သူပြော"

(......)

"အော် အဲ့ဆိုရင် အပေါ်ကိုလွှတ်ပေးလိုက်ရမလား"

(.......)

"ဟုတ်ပါပီ သေချာဂရုစိုက်လိုက်ပါ့မယ်"

မဒီ ဟိုကောင်တာကငနာမလေးတွေရဲ့စကားသံတစ်စွန်းတစ်စကြားလိုက်တာမို့ကောင်မလေးတွေနားပြန်သွားမေးလိုက်သည် မောင်များစိတ်ပြေသွားလို့လားပေါ့........
ကြားလိုက်ရသည်မှာလုံး၀မထင်ထားသည့်စကား ကောင်မလေးသုံးယောက်ရဲ့‌မျက်နှာကအစ မဒီ ကိုသုန်မှုန်ကြည့်ကာရွဲ့ပြောသလိုပြောလိုက်သည်
"အမကို ခေါ်လာခိုင်းတာမဟုတ်ဘူးတဲ့ MD ဇနီးလာရင် အပေါ်ကိုလိုက်ပို့ခိုင်းဖို့လှမ်းပြောတာ"
ဘေးနားလူတစ်ချို့ကပါ ကြောင်ပြီးရပ်နေသည့် မဒီကိုဝိုင်းကြည့်နေကြသည် ဒီအကြည့်တွေက မဒီကိုလှောင်နေသလိုအကြည့်မျိုးတွေ မဒီကကိုယ့်နေရာကိုပြန်လာယူရုံပါဘဲ ဒါကိုဒီလူတွေရဲ့အကြည့်က မဒီစိတ်ရိုင်းတို့ကိုနှိုးဆွနေသလိုဘဲ
ထိုအချိန်ဘေးနားကဖြတ်သွားသည့် ဦးထုပ်ဆောင်းထားသည့် အမျိုးသမီး သေချာကြည့်မှ ရှိန်းဇော်ခရဲ့မယား မေပိုးဦးဖြစ်နေတယ်.. မဒီဘာလို့ဒီနားကမထွက်သွားမိလည်း ကိုယ့်ဘာသာကို နားမလည်တော့ပါ...

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWaar verhalen tot leven komen. Ontdek het nu