CHAPTER 9.3

Depuis le début
                                    

ရှီးနဉ်:  “သိတာပေါ့ ..”

သူမ  အခုထိ ကြိုးတုပ်ခံထားရတဲ့ ကောင်းမင်ကို လက်ညှိုးထိုးကာ ‌လှမ်းမေးလိုက်၏။

“ဒီနေ့ နင် ထုန်လုကို ဘာဖြစ်လို့ ဒုက္ခပေးချင်နေတာလဲဆိုတာ ငါ့ကိုပြောစမ်း”

ကောင်းမင်က အမှန်တိုင်း ပြောလာသည်။

“ဘာလို့လဲဆိုတော့ ချူယောင်ကျဲက ငါတို့ဆီလာပြီး ဘော့စ် အခြေအနေကို  လာမေးတယ်လေ ပြီးတော့လည်း သူက ငါတို့ကိုပြောသေးတယ် နင်အခုလိုမူမမှန်ဖြစ်နေတာတွေ အားလုံးက ထုန်လုကြောင့်မို့လို့တဲ့ အဲ့တာကြောင့် ငါတို့က နင့်ဒေါသတွေဖြေလျှော့ပေးဖို့ ငါတို့က ကူညီပေးချင်တာ—”

ကောင်းမင်က ဒီလိုပြောလာတော့ ယွီချူယောင်ရဲ့မျက်နှာက  တဖြည်းဖြည်း မည်းပျက်လာတော့သည်။

သူမဟာ အလောတကြီး ရှင်းပြလာသည်။

“နင်ဘာလို့ဒီလိုမျိုးကြီးပြောရတာလဲ ငါက ငါမရှိတုန်း ငါ့ညီမ‌အကြောင်းကို သိချင်ရုံပဲလေ နင့်ဘာသာမကောင်းတာတွေ လုပ်ပြီးမှ ငါ့ကို လွှဲမချနဲ့လေ”

“ငါ ထုန်လုကို အနိုင်ကျင့်ဖို့ နင့်ကိုပြောခဲ့လို့လား”

ကောင်းမင်က  ခဏစဉ်းစားကာ “အဲ့လိုတော့ မဟုတ်ခဲ့ပါဘူး”

ယွီချူယောင်ရဲ့ သာလွန်ရတဲ့ အကြောင်းက ရှေ့မှာတော့ ဘာမှမလုပ်သလို ပုံစံနဲ့ မကောင်းတဲ့အရာတွေအားလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်တဲ့သူမျိုးပဲဖြစ်တယ်။

ရှီးနဉ်  ရှင်းရှင်းလင်းလင်းကြီး သဘောပေါက်သွားပြီးနောက် ပြောလိုက်သည်။

“နင်က သူတို့ကိုကျ  ဒီလိုမျိုး ပြောတယ် ထုန်လုကို အနိုင့်ကျင့်ဖို့အတွက် သူတို့ကိုမပြောခဲ့ဘူးဆိုပြီးတော့လေ ဒါမဲ့   နန်ရှောင်ကိုကျတော့ ငါတို့ကအနိုင်ကျင့်နေပါတယ်ဆိုပြီး သွားပြောတယ်ပေါ့ ?ဒါ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကိုပစ်သွားတဲ့ အစီအစဉ်ပဲနော် ..”

ယွီချူယောင်ရဲ့မျက်နှာက ဖြူဖပ်ဖြူရော်ပြောင်းသွားပြီး မျက်ရည်တွေဝဲလာတော့သည်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Où les histoires vivent. Découvrez maintenant