“အာ စကားမစပ် ပြောရဦးမယ် ငါနဲ့ နန်ရှောင်းနဲ့ ကြားမှဘာပတ်သတ်မှုမှမရှိဘူးရယ် ငါတို့က ဒီအတိုင်း...”

သူမ ပြောလို့မဆုံးသေးခင်မှာပဲ ရှီးနဉ်က  ဂရုမစိုက်စွာနဲ့ လက်ကို ဝှေ့ယမ်းကာ ပြောလာသည်။

“အဲ့တာက နင့်ရဲ့ကိစ္စပါ ငါနဲ့ ဘာမှမဆိုင်ဘူး နင်တို့တွေ တော်တော်လေးလိုက်ဖက်တယ်လို့ ငါလည်း ထင်မိပါတယ် နင်တို့တွေ အမြန်ဆုံး ရလဒ်ကောင်းကောင်း ကို ပိုင်ဆိုင်ပါစေလို့ ငါဆုတောင်းပေးတယ်နော်”

ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်လိုက်မနဲ့ဇာတ်လိုက်က အနှေးနဲ့အမြန် ပေါင်းစည်းသွားကြမှာပဲလေ။

နန်ရှောင်းရဲ့မျက်နှာက အေးစက်စက်ဖြစ်နေ၏။  သူ ရှီးနဉ် ရဲ့ အမြင်မှန်ရပြီး ရွှင်ပျပျဖြစ်နေတဲ့ရုပ်ကိုမြင်လိုက်ရတော့ သူ မပျော်တော့သလိုဖြစ်ပြီး ဒေါသတွေတောင် အချောင်းလိုက်ထွက်လာသလိုခံစားနေရတယ်။

“ဒီလိုဆို အဆင်ပြေသား နန်ရှောင်း နင်ငါတို့နဉ်နဉ်လေးကို ဇွတ်အပြစ်တင်မနေပါနဲ့နော် သူဘယ်လောက်တောင်ကြင်နာလိုက်သလဲ အခုနင်မြင်ပြီမလား”

ယွီချူယောင်က ထွက်လာကာ ပြောလေသည်။

သူမအနေနဲ့လည်း  ဒီလိုမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ မထင်ထားမိဘူး။ သူမဟာ  ရှီးနဉ် ထုန်လုကို အနိုင်ကျင့်နေလိမ့်မယ်လို့ စိတ်ကူးထားတာ။  ဘယ်လိုလုပ် လုံးဝကို ပြောင်းပြန်ကြီးဖြစ်နေရတာတုန်း??

အဲ့အချိန်မှာပဲ ရှီးနဉ်က  နန်ရှောင်းကို စကားစပြောလိုက်သည်။

“ဒီတစ်ကြိမ်ရော သူ နင့်ကို လှမ်းခေါ်လိုက်တာမလား”

သူ့ဘက်ကနေ  နောက်ဆုံးတော့ သူ့ကို စကားအရင်စပြောလာပြီပေါ့လေ?

နန်ရှောင်း သူ့ရဲ့နှလုံးသားထဲကနေ ရေးရေးလေးပျော်ရွှင်လာသလို ဖြစ်‌နေတာကို သတိမထားမိခဲ့ဘူး။

“မင်းဘယ်လိုလုပ်သိတာလဲ?”

မျက်နှာပေါ်မှာတော့ သူက အေးအေးစက်စက်နဲ့ အရင်အတိုင်း မပြောင်းလဲတဲ့ပုံ ဆက်လုပ်နေဆဲ။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now