၅၄။ ဇာမဏီ၏ ခွန်းသံသာ (၃)

Start from the beginning
                                    

'ဒါမျိုးက စံအဖြစ်ထားထားတဲ့ တွေ့နေကျပုံစံ ဇာတ်ကြောင်းပဲ... ဇာတ်လိုက်တွေရဲ့ အရင်နောက်ခံဘဝက ဇာတ်နာထားမယ်... သူတို့မိဘတွေ သေရင်သေ... မဟုတ်ရင် တစ်မိသားစုလုံး သေမယ်... မဟုတ်ရင် အမျိုးတွေ ချောက်ချတာ ခံရမယ်... ပြီးရင် သူတို့ ချောက်ထဲ ပြုတ်ကျမယ်... အဘိုးကြီးတစ်ယောက်နဲ့ တွေ့မယ်... ထူးခြားဆန်းပြားတဲ့ သိုင်းပညာအမွေအနှစ်တွေရမယ်၊ ပြီးတော့ ကျင့်ကြံခြင်းခရီးစဉ်စတင်မယ်... မကောင်းဆိုးဝါးတွေ မိစ္ဆာတွေကို အနိုင်ယူပြီး အားရစရာကောင်းစွာ ရန်သူတွေကို ချေမှုန်းမယ်'

'ပါရမီရှင်တွေ ဘာလို့ သေမျိုးနယ်ပယ်ကလာတာ များတာလဲဆိုတော့... အရှက်ခွဲလို့ ပိုကောင်းအောင်လို့ ...'

"ကြည့်စမ်း... ငါလို သေမျိုးနယ်ပယ်က လာတဲ့သူကတောင် နင်တို့လို အထက်ဘုံက ပညာရှင်တွေကို ကြောသွားနိုင်တယ်"

'အားရကျေနပ်စရာ မကောင်းလွန်းဘူးလား... ရှင်တို့ကို ရင်တဒိန်းဒိန်း မခုန်စေဘူးလား... စိတ်လှုပ်ရှားစရာ မကောင်းဘူးလား...'

ရှီရှန်း တစ်ချက်ဝေ့ကြည့်ရုံမျှဖြင့် ယဲ့ချင်းချိုးကို တွေ့သွားသည်။ 'နင့်ကြီးတော်ကြီး... သူက ဒီလောက်အမြင့်ကြီးမှာ ရပ်နေတာ မမြင်ချင်တောင် မြင်ရမှာပဲ...!'

သူမက ဂိုဏ်းချုပ်နောက်တွင် ရပ်နေသည်။ သူမ၏ အမူအရာက အမြင့်မှနေ၍ မြေပေါ်မှပုရွက်အုံကို ငုံ့ကြည့်နေသည့်အလားဖြစ်သည်။

ရှီရှန်း "....." 'ဘာလို့ ငါလေး သူ့ဆီက ထူးထူးဆန်းဆန်း message တစ်ခု ရသလို ခံစားမိတာလဲ...!'

ရှီရှန်း၏ အကြည့်ကို ခံစားမိသည့်အလား ယဲ့ချင်းချိုးက လှည့်ကြည့်သည်။ သူမ၏ နှိမ့်ချ အထင်သေးလွန်းသော မတူမတန်အကြည့်ကြောင့် ရှီရှန်းမှာ နေရာတင်ပင် ရန်ထဖြစ်ချင်စိတ်ပေါက်လာမိသည်။

'ဘယ်လိုတွေတောင်လား...! ဇာတ်လိုက်မ တစ်ခုခုလွဲနေတယ်... သူ ဒီလောက်အစောကြီး စိတ်ထားမပြောင်းသွားသင့်သေးဘူး...!'

"ဒေါ်လေး ရှန်းရှု..." စူးရှရှ မိန်းမသံတစ်သံက ရှီရှန်းနံဘေးမှ ပေါ်လာကာ ရှီရှန်း ယဲ့ချင်းချိုးကို လေ့လာနေသည်ကို နှောင့်ယှက်လိုက်လေသည်။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now