လူဆိုးကောင်ကို လိုက်ရှာတာ
မတွေ့တဲ့အဆုံး နှစ်ဆယ့်လေးနာရီ သူ့ကို စောင့်ကြည့်ဖို့ တာဝန်ပေးထါးတဲ့ မိုးစက်ကိုပဲ မေးလိုက်သည်။

္"မိုးစက်..မင်းဆရာ ဘယ်ရောက်သွားလဲ..ငါ့ကိုခေါ်ပြီးတော့..လူက လှစ်ခနဲပျောက်သွားလို့"

"ပန်းရုံဘက် မှာပါ..အကိုလေး"

စိတ်ဆိုးတာတောင် ချစ်ဖို့ကောင်း​နေတဲ့ အကိုလေးကို ဆရာတန်းတန်းစွဲသွားတာ မိုးစက် မအံ့ဩတော့။ လက်ချောင်းလေးတွေဆို ရှည်သွယ်သွယ်လေးနဲ့ လှလွန်းတာကြောင့် ​အကိုလေးက တကယ်လည်း နုနုရွရွ နဲ့ ယောက်ျားချင်းတောင် ငေးကြည့်ရတဲ့ အလှတရား ပိုင်ဆိုင်ထားသည်။

မိုးစက်ပြောတဲ့ ပန်းရုံလေးက အိမ်ရဲ့ဘေးဘက်မှာ အဆောင်သီးသန့်ထုတ်ထားပြီး အထဲဝင်သွားရင် တန်ဖိုးကြီး သစ်ခွမျိုးစိတ်တွေ အလှဆင်တဲ့ နွယ်ပင် စိမ်းစိမ်းလေးတွေ ကို နံရံကပ်စိုက်ပျိုးထားပြီး အလယ်မှာတော့ အပန်းဖြေ အနားယူလို့ရအောင် ကျောက်သားစားပွဲ အသေးလေးတစ်ခုနဲ့ သစ်သားထိုင်ခုံပုလေး နှစ်ခုံချထားသည်။

"ဆရာ!!"

လေညှင်း ပန်းရုံဘက်ခြမ်းရောက်တော့ ရင်းနှိးတဲ့ အသံကြားလိုက်တာနဲ့ မျက်လုံးက အလိုလို လိုက်ရှာမိပြီးသား။

"ဟင်!..မိနွယ်...ဒီကိုဘယ်လိုလုပ်"

"ဆရာရယ်...မတွေ့ရတာ တစ်လတောင်ရှိပြီ ဆရာသိလား..မိနွယ်မှာလေ..ဆရာ့ဆီက ဖုန်းလာမလားလို့ မျှော်လိုက်ရတာ..ဟော..မိနွယ်ဆက်တော့လည်း စက်ပိတ်ထားတယ်နဲ့..
ပြီးတော့..ရပ်ကွက်ထဲက ဆရာ့လူနာတွေကလည်း ဆေးခန်းမဖွင့်သေးဘူးလားဆိုပြီး..တမေးတည်းမေးနေတာ..တကယ်ပြောတာ..မိနွယ်..ဆရာ့ကို အခုလိုပြန်တွေ့လိုက်ရတာ..ဝမ်းသာမဆုံးဘူး.."

"ဟုတ်ပါပြီ..မိနွယ်ရယ်..ဖြည်းဖြည်းပြောပါ..ဒါနဲမိနွယ် ဒီကိုဘယ်လိုသိပြီး ရောက်လာတာလဲဆိုတာ ​ပြောဦး"

"ကျုပ်ခေါ်လာတာ!"

"ဘာ!!မင်း သူ့ကို ဘာလုပ်မလို့လဲ..ဟမ်..မိနွယ်က အသက် မပြည့်သေးတဲ့ ကလေးတစ်ယောက်နော်..မင်းမဟုတ်တာ လုပ်မယ်မကြံနဲ့..မှော်စက္ခ!"

စေလိုရာစေ(Completed)Where stories live. Discover now