Ep(43)

5.6K 297 15
                                    


စေလိုရာစေ..

(Unicode)

"ဆရာ..ဦးလေးစံသာက ဆရာအားရင် ခဏလာခဲ့ပါဦးတဲ့"

"အင်း..အခုပဲသွားလိုက်မယ်..ဒါဆို မိနွယ်က
ဒီမုန့်ပန်းကန်လေးနဲ့ နွားနို့ခွက်လေးကို မှော်စက္ခဆီ သွားပို့ပေး"

"ဟုတ်ကဲ့..ဆရာ"

"ဒေါက်...ဒေါက်"

"ဝင်ခဲ့လေ..သားငယ်"

ချက်မချထားသည်ကြောင့် တံခါးကိုတွန်းဝင်လိုက်ပြီး ဦးစံထိုင်နေတဲ့ ကြိမ်နဲ့ရက်လုပ်ထားတဲ့ ခုံပုလေးရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။

"ဦးစံ သားကိုခေါ်တယ်ဆို"

"အေး..ဟုတ်တယ်ကွ..ခေါ်သာခေါ်ခိုင်းလိုက်တာ..ဒီနေ့ ငါ့တူပင်ပန်းလာတာသိလို့ မိနွယ်ကိုတောင် အိပ်နေရင် မခေါ်ခဲ့နဲ့လို့ မှာလိုက်သေးတယ်..မဟုတ်မှလွဲရော..ဦးစံကြောင့် နိုးသွားတာလား"

"သားမအိပ်သေးပါဘူး ဦးစံရဲ့..ဟိုမှာလေ
မှော်စက္ခဆေးသောက်ထားတာ ရင်တုန်မှာစိုးလို့ အောက်ဆင်း နွားနို့ခွက်ယူရင်း မိနွယ်နဲ့တွေ့တာ"

"အေးပါ..ဟုတ်ပါပြီ..ဦးစံ ပြောချင်တာက ဒီလို ငါ့တူရ.. ဒီအပတ်ထဲမှာ new yearနဲ့ပေါင်းပြီး
စိတ်ပြေလက်ပျောက် ပါတီလေးတစ်ခုလောက် လုပ်မလားလို့...ဦးစံရဲ့ ကျောင်းတုန်းက မိတ်ဆွေတွေလည်း မတွေ့ရတာကြာလို့ ဖိတ်ရင်းနဲ့ပေါ့..သားဘယ်လိုသဘောရလဲ"

"ကောင်းတာပေါ့..ဦးစံရဲ့..သားလည်း အဲ့ဒါ ပြောရင်ကောင်းမလား စဥ်းစားနေတာ..ပြီးတော့ မနက်ဖြန်က စက္ခနဲ့သားရဲ့ တစ်နှစ်
ပြည့်aniလေ..ဦးစံပါတီလုပ်မယ်ဆို ပိုအမှတ်တရဖြစ်သွားတာပေါ့"

"အင်း..အချိန်တွေက မြန်လိုက်တာနော်..ဘာလိုလိုနဲ့ တစ်နှစ်ဆိုတဲ့အချိန်က ခဏလေးလိုပဲ..အေးအေး..သားသဘောတူရင် ဦးစံ ဒီအပတ်ထဲ စီစဥ်စရာရှိတာ စီစဥ်လိုက်တော့မယ် ဟုတ်ပြီလား.."

"ဟုတ်..လေညှင်းအကူညီလိုရင်လည်း ပြောနော် ဦးစံ.."

"အေးအေး..ကဲ..သားလည်း သွားနားတော့..ပါတီကနောက်အပတ်မှဆိုတော့ အချိန်ရပါသေးတယ်"

စေလိုရာစေ(Completed)Hikayelerin yaşadığı yer. Şimdi keşfedin