သူစိမ်း(part-6)[Zawgyi&Unicode]

Start from the beginning
                                    

"ဟုတ်လို့လား GF gp မှားသားရှိတယ်ဘဲကြားဖူးတာ"

"အေးအဲ့တာ ငါလည်းမသိလို့ကွာ ငါ့ကိုစုံစမ်းပေးစမ်းပါ"

"အေး စုံစမ်းထားမယ်"

"မနက်ဖြန်သိအောင်လုပ်နော်ကိုခန့်"

"Fuck u ဘဲကွာ လုပ်ပေးထားမယ်".....

#######

မနေ့ညကပင်ပန်းလို့နဲ့တူတယ် liamဒီနေ့တော်တော်အိပ်ပျော်သွားသည် အိပ်ရာနိုးတာနဲ့ရေမိုးချိုးပြီး မွန်းတည့်ချိန်ရောက်နေပြီဆိုတော့ ကိုယ့်ဘာသာဘဲတစ်နပ်စာချက်စားလိုက်သည် တစ်နေ့ခင်းလုံးစာအုပ်ဖတ်လိုက် ဖုန်းသုံးလိုက်နဲ့အချိန်တွေသာကုန်သွားသည် ကိုလူချောအကြောင်းလေးကတော့တစ်ချက်ချက်တွေးမိတာပေါ့နော်

"ဟဲ့ liam မငါတို့အောက်မှာရောက်နေတယ်ခြံတံခါးလာဖွင့် "

"အခုလား"

"ဟုတ်ပါတယ်ဆို"

အမယ်လေးတွေ့ပါပီစားစရာမုန့်အစုံနဲ့ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာသောဒီနှစ်ယောက် သိပါသည် သူတို့ဟိုကိုလူချောအကြောင်းအင်တာဗျူးဖို့ဆိုတာ

"စားစရာတွေလည်းထည့်ပြီးပြီ ‌အဲယားကွန်းလည်းဖွင့်ပြီးပြီ ကဲပြောပါအုန်းနင့် crushလေးအကြောင်း"

"ဟယ်ငါ မcrushရသေးပါဘူးဒီတိုင်းချောတယ်လို့ဘဲပြောတာပါ"

"အေးအဲ့ဆိုနင်ကောသူဘယ်သူဆိုတာသိလား"

"မသိဘူးလေဟာ ငါကအဲ့အပိုင်းတွေမကျွမ်းတာဟ"

"အေးအဲ့လူက Zaw Ka group Chairman ရဲ့သားဟ သူလည်းဒါရိုက်တာဘဲ သူကအရင်ကအရမ်းဆိုးတာ သူအမြဲရန်ပွဲတိုင်းနီးပါးပါတယ် သူ့ရဲ့မဟာရန်ဘက်က သူရကိုကြိတ်လိုက်တယ်ဆိုတဲ့ဟိုနေပိုင်ဆိုတဲ့လူ
ဒီကြားထဲမော်ဒယ်‌ မဒီနဲ့နှစ်နှစ်လောက်တွဲရော သူက‌ကျောင်းပြီးတော့မဒီကိုလက်ထပ်ခွင့်တောင်းရော ‌အဲ့ကြတော့မဒီကဟာသူအောင်‌မြင်ချင်သေးတယ် မိသားစုဘ၀မလိုချင်သေးဘူးဆိုပြီးဘာညာနဲ့ dramaတွေချိုး
အဲ့မှာရုတ်တရပ်ကြီး New Yorkကို ထွက်သွားတာ အဲ့မှာရှိန်းဇော်ခကလုံး၀ ပြောင်းလဲသွားတာအဲ့ပြသာနာမှာ အပျော်ဆုံးကသူ့အမေဘဲကွာ သူ့အမေကအစောထဲက မဒီနဲ့လုံး၀သဘောမတူတာဟာသူကအဲ့ထဲကဘယ်သူနဲ့မှမတွဲတာ"

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now