အပိုင်း ( ၄၃ ) ( Zawgyi )

Start from the beginning
                                    

အလိုမတူပါဘဲ မျက်ဝန်းတွေက တစ်ချက်မော့ကြည့်မိတော့ မျက်နှာချင်းဆိုင်မှာ သူ့ကို မေးထောက်ပြီး စိုက်ကြည့်နေသည့်ဈာန့်ကို တွေ့လိုက်ရသည်။

ဒီကလေး ပြုံးနေလိုက်တာများ ...

အားလုံး စားပြီး သောက်ပြီးချိန် ကားထွက်ဖို့အချိန်ကလည်း တစ်နာရီကျော်ကျော်လောက်လိုနေသေးသဖြင့် ဒီတိုင်း စားသောက်ဆိုင်မှာပဲ ငုတ်တုတ်ထိုင်နေရမလား၊ ဒါမှမဟုတ် အနီးပတ်ဝန်းကျင်ကို လျှောက်ပတ်ကြည့်ရမလားဆိုတာကို ဝေခွဲဖြစ်နေကြစဉ်မှာပင် ဥဥက

" ဟဲ့ရေ ! ငါတို့ လျှောက်ပတ်ကြည့်ကြမလား ... ဟိုဘက်မှာ ဆိုင်ခန်းတွေရှိတယ် ... အခုချိန်က နည်းနည်းစောနေသေးလို့ တချို့ဆိုင်တွေတော့ မဖွင့်သေးဘူး ... ဒါပေမဲ့ ထိုင်နေရမဲ့အတူတူတော့ လျှောက်ပတ်ကြည့်ကြရအောင် "

" ဟီး ... ကောင်းတယ် ... ကောင်းတယ် ... သွားကြမယ် ... လာလေ "

နဂိုကတည်းက လည်ဖို့ပတ်ဖို့အရေးဆို နှစ်ခါမဆွဲဆောင်ရသော မေမြတ်က ခေါင်းကို ပုတ်သင်ညိုလိုမျိုး အဆက်မပြတ်ညှိမ့်ကာ ဥဥရဲ့အကြံပေးချက်ကို ထောက်ခံကြောင်း ပြသသည်။ ‌

" အင်း ... ဒါဆိုလည်း သွားမယ်လေ "

နောင်ခန့်ကပါ ထိုအဆိုပြုချက်ကို လက်ခံလိုက်သည်။ သူငယ်ချင်းတွေ အကုန်လုံး‌လျှောက်ပတ်ကြည့်ကြမည်ဆိုမှတော့ သူလည်း တစ်ယောက်တည်း ကျန်ရစ်အဖြစ်မခံနိုင်သဖြင့် ထိုင်ခုံမှ ထလိုက်ချိန်တွင်

" ကိုကို ကျွန်တော်လည်း ... "

" မလိုက်နဲ့ ... နေခဲ့ ... "

ဒီကလေး သူ့နာမည်ကို စခေါ်လိုက်ကတည်းက ဘယ်စကားကို ဆက်ပြောတော့မည်ဆိုတာကို ကြိုသိနေပြီသားဖြစ်သည်။

" ကိုကိုကလည်း ... "

" ကိုကိုက မလည်းဘူး ... မင်း လိုက်မလာခဲ့နဲ့ "

ဆိုင်ထဲမှာ သူ့သူငယ်ချင်းနှစ်ယောက်နှင့်အတူ ကျန်ရစ်ခဲ့သည့် ဈာန့်ရဲ့မဲ့တဲ့တဲ့မျက်နှာပေးအကြောင်းတွေးမိလိုက်ရုံနှင့် သူ့မျက်နှာတွင် အပြုံးရိပ်တို့ ထင်ဟပ်လာရသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now