သူစိမ်း(part-5)[Zawgyi&Unicode]

Start from the beginning
                                    

######

ဒီနေ့ကမင်္ဂလာဆောင်ရှိတာမို့ liamအိပ်ရာနိုးထဲကအလုပ်ရှုပ်နေသည် ညနေ၀တ်ဖို့ dressလေးလည်းအချိန်မှီသွားယူရသေးသည် မာမီကိုလည်းဆေးခန်းမှသွားကြိုရသေးသည် တကယ်ပါဒီနေ့ပိုပင်ပန်းသည်

"ကဲသမီးကြီးသွားမယ်လာလေ"

ပြင်ဆင်ပြီးသည်နှင့်အိမ်‌ပေါ်မှ ဆင်းလာသူliamသည် မိသားစု၀င်တွေကိုရူးသွပ်စေနိုသည် ချစ်စရာကောင်းသည် လှသည်ရိုးရိုးလေးနဲ့မရိုင်းဘဲစမတ်ကျနေသည် liamရဲ့ဒီနေ့ evening dress သည်သူမရဲ့ 5'7"အရပ်၌နတ်ပြာရောင်လေးကိုမှရိုးရိုးလေးနဲ့လှ‌နေသည် သွယ်လှနေသောလက်မောင်းတို့က လက်ပြတ်လေးနဲ့မို့ထင်းနေသည် လှိုင်းလုံးပုံစံဆံပင်အလိပ်တို့ကိုဖြာကျထားသောသူမသည် နတ်သမီးလေးလိုကိုလှသည်

"သမီး နဲ့လိုက်ရဲ့လား"

"အမလေးဒီနတ်သမီးလေးကဘယ်ကပါလဲ"

"နတ်ပြည်ကပါရှင်" ဒယ်ဒီဟာသူ့သမီးဆိုသိပ်မြှောက်သည်

ညမီးရောင်စုံအောက်ကားလေးတွေတစ်စီးပြီးတစ်စီးထိုးရပ်သွားသည့်နာမည်ကြီးhotel မှာဒီနေ့ခေတ် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်းများစွာကိုထိုတစ်‌နေရာထဲတွေ့နိုင်သည်

"မင်းချွေးမရှာ‌ပုံတော်အလုပ်ဖြစ်ပါစေကွာ"

"စောင့်ကြည့်နေလိုက်ပါကျွန်မချွေးမ မတွေ့ဘဲကျွန်မ မပြန်ဘူး"

"အေးပါကွာ အေးပါကွာ မင်းလိုချင်တဲ့ပုံစံမျိုးလေးရှာနိုင်ပါစေကွာ"

စကာဏာလုနေကြသည့်ဒေါ်နှင်းခတို့လင်မယားနှစ်ယောက်နဲ့ သူတို့နံဘေးတွင်တော့အမေနဲ့အဖေရဲ့အချစ်စမ်းနေပုံကိုကြည့်နေ‌သည့်သားချောတစ်ယောက် ဒီမိသားစုပုံကိုပန်းချီဆွဲလျှင်ဒီပန်းချီးကားသည်အသက်၀င်‌နေလိမ့်မည်

လူစုံလာတဲ့ခန်းမထက်ဂုဏ်ကြီးမိသားစုများဖြစ်သည့်အလျောက်သူ့ထက်ငါသာရမည်ဟူသောအပြိုင်အဆိုင်များနဲ့ယှဉ်ပြိုင်နေသည့်မိန်းမငယ်များဒီလိုအပြင်ပန်းယှဉ်ပြိုင်နေသည့်သူတို့ကြား ဒေါ်နှင်းခအတွက်ချွေးမရွေးရမည်မှာ နည်းနည်းတော့စဉ်းစားရမှာဖြစ်သည်

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now