"သားရဲတစ်သောင်းတောအုပ်ဆိုတာ တောင်ပိုင်းနယ်မြေမှာ အန္တရာယ်အများဆုံးနဲ့​ ကြောက်စရာအကောင်းဆုံးတောအုပ်ပဲ သူရဲ့အကျယ်အဝန်းက အင်ပါယာတစ်ခုရဲ့အကျယ်အဝန်းရှိပြီး...အများပြောတာတော့ တောအုပ်ရဲ့အနက်ရှိုင်းဆုံးနေရာမှာ နတ်သမီးမျက်ရည်ကန်ရှိတယ်တဲ့ ဒါပေမယ့် ရှန်းရှန်အဆင့်လောက်ရှိတဲ့မှော်သားရဲကြီးတွေက ထိုနေရာကို စောင့်ရှောက်ထားတော့ ဘယ်သူမှ တောအုပ်အနက်ဆုံးထိ မဝင်ရဲကြဘူး" လို့ လော့ကောကောစကားကြောင့် ဝမ်ဖေးရန်မျက်ဝန်းများဟာ အရောင်တစ်လဲ့လဲ့ထနေတော့သည်၊

'နတ်သမီးမျက်ရည်ကန်၊ဒါဆို နတ်သမီးကျောက်မျက်အိမ်လည်း ရှိမှာပေါ့' နတ်သမီး​ကျောက်မျက်အိမ်က ရှန်းရှန်အဆင့် ယာယီသိုင်းအဆင့်တိုးမြှင့်ရေးကျောက်တွေနဲ့ တူညီသည်၊

ဒါပေမယ့် ရှန်းရှန်အဆင့် ယာယီသိုင်းအဆင့်တိုးမြှင့်ရေးကျောက်တွေဟာ တစ်ကြိမ်သုံးတွေသာ ဖြစ်ပြီး နတ်သမီးကျောက်မျက်အိမ်ကတော့ တစ်ကြိမ်သုံးပြီးတိုင်း မပျက်စီးဘဲ ပတ်ဝန်းကျင်က ချီတွေကိုစုပ်ယူကာ နှစ်အနည့်းငယ်အတွင်း အရည်ဓာတ်ပြန်လည်ဖွဲ့ကာ ထပ်မံအသုံးပြုနိုင်သည့်ရှားပါးသည့်ရတနာတွေထဲ ပါဝင်သည်၊လူအနည်းစုကတော့ ထိုအကြောင်းကို သိနေမည်ဟာ သေချာသည်၊

'ဟင်း...ဒါပေမယ့် သူတို့ကျင့်စဉ်အဆင့်နဲ့ ထိုနေရာကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်သေးပေ...၊ငါက ဒီကမ္ဘာရဲ့အဓိကဇာတ်ကောင်ပေမယ့် ဥမရဲ့တိကျသေသပ်မှုကြောင့် ငါရဲ့ကံစွမ်းအားက တစ်တဲ့!ဗီလိန်​တွေတောင် ငါ့ထက်ပိုကံစွမ်းအားမြင့်ရင် မြင့်နိင်သေးတယ်!' သူအနေနဲ့ ထိုတောအုပ်အတွင်းပိုင်းထိ သွားသင့်မသွားသင့်ဆိုတာ စဉ်းစားစရာပင်၊

ဝမ်ဖေးရန် သူ့အတွေးများနဲ့သူယောက်ယပ်ခတ်နေတုန်း သားရဲတစ်သောင်းတောအုပ်ကြီးကို ရောက်လာတော့သည်၊ဒီပတ်ဝန်းကျင်ကနေ စတင်ပြီး တောထဲဝင်ရောက်လာသည့်ကျင့်ကြံသူတိုင်းဟာ ကိုယ့်အဖွဲ့နဲ့ကိုယ်သာ တောထဲကို သတိနဲ့သွားရမည်ဖြစ်သည်၊ဒီသားရဲတစ်သောင်းတောအုပ်ရဲ့အထက်ကနေလည်း လူတွေထိန်းချုပ်ထားသည့်မိုးပျံသားရဲကြီးတွေနဲ့ဖန်တီးထားသည့်သဘောင်္ပျံတွေဟာ ဒီနိမိတ်ထဲဝင်ရောက်လာပါက ဒီဧရိယာအတွင်းမှာနေထိုင်သည့်မိုးပျံသားရဲတွေရဲ့ဝိုင်းအမဲလိုက်မှုကို ခံရတတ်သည်၊ဒါကြောင့် ခရီးသွားသူများဟာ ခြေချေသာ သွားကျတာများသည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now