သူမ သဘောမကျဆုံးသော တစ်ဦးတည်းသောသူက တစ်သီးတစ်သန့်နေတတ်ပြီး စာလေ့လာသင်ယူတဲ့နေရာမှာ နတ်ဘုရားလို့တောင် တင်စားလို့ရတဲ့  လင်းစန်းနော့ပင်ဖြစ်၏။

အတိတ်တုန်းက ရှီးနဉ်က  သူ့ကို ထိုသို့ ပြောခဲ့သည်။

“နင်က အဆင့်တွေ ကောင်းနေတာတောင် စာလုပ်နေတုန်းပဲနော်  အဲ့အပြင် နင့်ရဲ့မျက်နှာကလေ ခံစားချက်မဲ့ပြီး အေးစက်စက်နဲ့  တစ်ယောက်ယောက်ကပဲ နင့်ဆီမှာ အကြွေးတင်နေတဲ့အတိုင်း”
[T/N: တလောကလုံးသူ့လုပ်စားထိုင်စားနေတဲ့အတိုင်းပဲဆိုတဲ့စကားလိုပါပဲ]
 

“နင်က ဘယ်လိုစာဖတ်ရမလဲဆိုတာလောက်ပဲ သိတာမို့လို့ နင်နဲ့ကစားရတာ ပျော်စရာကိုမကောင်းဘူး နင့်ကြောင့်နဲ့ ငါလေ စာဂျပိုးတွေဆို မကြိုက်ဘူး ဖြစ်သွားတယ်”
 

အခုကျတော့ စာဂျပိုးတွေကို  အမုန်းဆုံးပါလို့ဆိုတဲ့ ရှီးနဉ်ကနေ  လင်းစန်းနော့ဆီကို စာမေးနေသတဲ့။

လင်းစန်းနော့အနေနဲ့လည်း သူမ သူ့ဆီကို ဒီလိုလာမေးလာလိမ့်မယ်လို့ သူကိုယ်တိုင်ကပင် မထင်ထားခဲ့ပေ။ သူ့ရဲ့ မျက်တောင်ရှည်ရှည်လေးတွေက အနည်းငယ်လှုပ်ခတ်သွားကာ ပယင်းရောင် သူ့ မျက်လုံးတွေက အနည်းငယ် ရှုပ်ထွေးနေပုံပေါ်တယ်။
 

“ရလား”

ရှီးနဉ်က ထပ်ပြီးမေးလိုက်သည်။

လင်းစန်းနော့က ခေါင်းငြိမ့်လာ၏။

“အင်း”
 

ရှီးနဉ်က စားပွဲခုံပေါ်က စာအုပ်တွေကို ကောက်သိမ်းလိုက်ပြီး မတ်တပ်ရပ်ကာ သူ့ကို စပြောလေသည်။

“ဒီနေရာက နည်းနည်းဆူတယ် နင့်ထိုင်ခုံမှာ  ဆက်ပြောကြရအောင်”
 
သူတို့ သူ့နေရာသို့ သွားထိုင်ပြီးနောက် အကြောင်းအရာကို အလေးအနက်ထားပြီး စတင်ဆွေးနွေးကြလေသည်။

ကျင့်စစ်းဟန့်က “ဟွန့်”ခနဲ့ နှာမှုတ်လိုက်ပြီး သူ့ရဲ့လက်ကို သူ့ ရှောင်းကောရဲ့ ပခုံးပေါ်ကို တင်လိုက်သည်။

“ကျွန်တော်လေ  အခုတလော နဉ်နဉ်က အာဏာရှင်ဆန်လွန်းတဲ့ စာအုပ်ကြီးသမား နဲ့တူလာပြီဆိုပြီး ဘာလို့ ခံစားနေမိတာပါလိမ့်”

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now