ရှီးနဉ်က ထိုစကားကြောင့် မော့ကြည့်ကာ လေးလေးနက်နက်နဲ့ စကားတစ်ခွန်းပြန်ပြောလာ၏။

“ငါ့မှာ အစ်ကိုတစ်ယောက်တည်းပဲ ရှိတယ် အစ်မဆိုတာ မရှိဘူး”
 

အဲ့စကားတွေက ယွီချူယောင်ရဲ့မျက်နှာ တည့်တည့်ဖြတ်ရိုက်လိုက်သလို ဖြစ်သွားတာမို့လို့ ပိုပြီးဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။
 

နန်ရှောင်းကနေ သူမကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်ပြီး

“မင်း အခုတလော ဘာတွေဖြစ်နေတာလဲ?”

တင်းမာလာတဲ့ အခြေအနေကို ယွီချူယောင်က အခွင့်ကောင်းယူကာ 

“နန်ရှောင်း နင် ငါမရှိတုန်း  ငါ့နဉ်နဉ်လေးကို အနိုင်ထပ်ကျင့်ပြန်ပြီမလား?”
 

“သူ့ကို ဘယ်သူက အနိုင်ကျင့်နေလို့လဲ? အခုဆို သူကမှ ငါ့ထက်ပိုပြီး ကြီးကြီးကျယ်ကျယ်တွေလုပ်နေတာ မင်း မမြင်ဘူးလား?”

နန်ရှောင်းက ငေါ့၍ပြောလာသည်။
 

သူတို့က စကားပြောသံတွေနဲ့ အတော်လေး ဆူညံနေပြီး ရှီးနဉ်ရဲ့ လေ့ကျင့်ခန်းပုစ္ဆာကို ဖြေရှင်းရမဲ့ အတွေးတွေကို လုံးဝနှောင့်ယှက်နေတာကြောင့် လက်ထဲက ပုစ္ဆာကို မဖြေရှင်းနိုင်ဘူး ဖြစ်နေတယ်။
 

သူမက သူတို့ထဲကအငြိမ်ဆုံးဖြစ်တဲ့ လင်းစန်းနော့ ကိုလှမ်းကြည့်လိုက်သည်။
 

“လင်းစန်းနော့  ငါနင့်ကို ပုစ္ဆာတစ်ပုဒ်လောက်မေးလို့ရမလား?”

ရှီးနဉ်  ပါးစပ်ကနေ ထုတ်ပြောလိုက်သည်။
 

အကုန်လုံး တစ်စက္ကန့်လောက် ငြိမ်ကျသွားတော့သည်။

“ဝါးး နဉ်နဉ် မင်း ငါတို့ကိုကျတော့ အာရုံမစိုက်ဘူး  လင်းစန်းနော့ကိုကျတော့ စကားအရင်စပြောတယ်ပေါ့လေ အရင်ကဆို မင်းက စန်းနော့ကို သဘောမကျဆုံးပါ”

ကျင့်စစ်းဟန့်ကနေ စနောက်ပြီးပြောလာ၏။
 

တကယ့်ကိုပဲ ရှီးနဉ်ရဲ့ မှတ်ဉာဏ်ထဲမှာ သူမဟာ နန်ရှောင်းကိုကြိုက်ပြီး ယွီချူယောင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတယ်။ ကျင်းစုဟန်က သွက်သွက်လက်လက်နဲ့ ပျော်စရာကောင်းတဲ့သူဖြစ်တာမို့လို့ သူမနဲ့ဆက်ဆံရေးက ကောင်းမွန်လှသည်။
 

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now