၁၈။ ရွှေပေါ်မြတင်​ (၁၈)

Start from the beginning
                                    

"ငါ့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး သွေးရိုးသားရိုးမဟုတ်ဖူးလို့ ဆုံးဖြတ်နေတာလား"

[အဲ့တာဆို ငါ့ကို ပေါက်ကွဲမှုမဖြစ်ခင်က အဖြစ်အပျက်ကို ရှင်းပြပေးနိုင်မလား]

"နင့်မေးခွန်းကို ဖြေဖို့ငြင်းတယ်"

ရှီရှန်း မကျေမနပ်အသံဖြင့်ပြောလိုက်သည်။ "စိတ်ကိုဖတ်နည်းမသိဘူးလား။ လုပ်လေ ငါ့စိတ်ကိုဖတ်လိုက်"

[....]'Hostက အရင်ကထက်ပိုပြီး အထိမခံရွှေပန်းကန်လေးဖြစ်လာတာဘဲ'

System ကို ပါးစပ်ပိတ်အောင်လုပ်သည့်ကိစ္စအား အောင်မြင်သွားပြီးနောက် ရှီရှန်းသည် သူမအဝတ်အစားများကို ဆွဲဆန့်လိုက်ပြီး ထိုအခန်းအပြင်သို့ထွက်လာသည်။ ဤနေရာမှာ ဟိုလူရွေးထားတာဖြစ်ပြီး ကြည့်ရသည်မှာ လုံခြုံရေးတွင် စိတ်ချရမည့်ပုံပင်။

ကော်ရစ်တာမှနေ၍ အထက်စီးမှ ကြည့်လျှင် စတုရန်းအကြီးထဲ၌ စတုရန်းအသေးလေးရှိနေသကဲ့သို့ဖြစ်နေသည်။ အခန်းဖွဲ့စည်းထားပုံမှာ ရှေးခေတ်အခါက အပျော်မယ်အိမ်[1]နှင့် တူသည်။ ထို့ကြောင့် အောက်ထပ်တွင်ဖြစ်ပျက်နေသမျှကို သူမအပေါ်ထပ်လျှောက်လမ်းမှ အခန့်သား မြင်နေရသည်။ လူကားသိပ်မများချေ။ လူများသည် အုပ်စုသေးသေးလေးများဖွဲ့၍ ထိုင်နေကြပြီး အသံကိုနိမ့်၍ ပြောနေကြသည်။

အလင်းမရောက်သည့် ထောင့်၌မူ မဖွယ်မရာ ဇာတ်လမ်းလေးတွေဖြစ်ပျက်နေကြသည်။

ရှီရှန်းတစ်ချက် ကြည့်ပြီး အကြည့်လွှဲလိုက်သည်။ နွေဦးနန်းတော်[2]၏ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို သူမ စိတ်မဝင်စားချေ။

ရှီရှန်းသည် အောက်ထပ်သို့ ဆင်းသည့်လှေကားသို့ ရောက်သည်အထိ လျှောက်လမ်းတစ်လျှောက် လျှောက်လာသည်။ သူမတံခါးပေါက်တစ်ခုအရှေ့သို့ရောက်သောအခါ ထိုတံခါးသည် ရုတ်တရက်ပွင့်လာပြီး အရက်နံ့ ထောင်းထောင်းထနေသော အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း သဏ္ဍာန်တစ်ခု အရှိန်ဖြင့်ထွက်လာသည်။ ရှီရှန်း၏မသိစိတ်က ဘေးသို့အလိုလိုရှောင်မိသားပင်ဖြစ်သည်။ ထိုလူသည် လက်ရန်းကို တိုက်မိပြီး လဲကျသွားသည်။ ထိုလူလဲကျနေပုံမှာကား ရုပ်ပျက်ဆင်းပျက် သနားကမားပုံစံ ဖြစ်နေလေသည်။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now