"သင့်တော်တဲ့ဝိဉာဉ်တွေ အများကြီးမရှိဘူးဆို ဘာလို့ သူတို့ကို ဖယ်ထုတ်ပစ်ရတာလဲ? သူတို့ကို အခွင့်အရေးတစ်ခုတောင်ပေးလို့မရဘူးလား?"

"ခွီးးး..."

2333က အထင်သေးသလိုရယ်သည်။

"မင်းတို့ကို တာဝန်ထမ်းဆောင်သူဖြစ်လာဖို့ ခွင့်ပြုပေးတာကိုက မင်းတို့ကို အခွင့်အရေးပေးတာဖြစ်နေပြီ။ တာဝန်ထမ်းဆောင်သူတွေ သူတို့နေရာသူတို့နားလည်ဖို့ ရက်စက်တဲ့နည်းလမ်းတွေကို အသုံးပြုရမှာပဲ။ သူတို့ကျရှုံးရင် သေချာပေါက်ဖယ်ထုတ်ခံရမှာ။ အသန်မာဆုံးရဲ့ရှင်သန်ခြင်း၊ အားနည်းသူတွေဖယ်ထုတ်ခံရခြင်းဆိုတာက ဖယ်ထုတ်တဲ့နည်းစနစ်ပဲ။ မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုပေးပြီးသား။ မင်း ဖယ်ထုတ်တာမခံရသေးသရွေ့ မင်းက ထာဝရအသက်ရှင်နိုင်စွမ်းကိုရမှာပဲ။ ဘာအခွင့်အရေးများ ထပ်ပေးသင့်တော့လို့လဲ?"

နဉ်ရှုမှာ ‌ကျောရိုးတစ်လျှောက်စိမ့်တက်သွားရသည်မို့ ဒီမေးခွန်းအကြောင်းသိချင်နေတာကို ရပ်တန့်လိုက်သည်။ ဒီလိုမေးခွန်းတွေအကြောင်းစဉ်းစားတာက သူမကို စိတ်ဖိစီးတာပဲဖြစ်စေလိမ့်မယ်။

နဉ်ရှုက မြို့ထဲလျှောက်ပတ်ကြည့်လိုက်သည်။ ဒီမှာတော့ ရမှတ်တွေကို ငွေကြေးအဖြစ်အသုံးပြုကြသည်။ ရမှတ်တွေကို ပစ္စည်းအတော်များများဝယ်ဖို့ အသုံးပြုနိုင်သည်။

တစ်ချို့တာဝန်ထမ်းဆောင်သူတွေက ပစ္စည်းတွေရောင်းနေကြပေမယ့် အများစုက ပစ္စည်းချင်းလဲလှယ်ဖို့ဖြစ်သည်။ တစ်ချို့တာဝန်ထမ်းဆောင်သူတွေခင်းကျင်းထားတဲ့ကော်ဇောပေါ်မှာ အတော်လေးရှားပါးတဲ့ရတနာတစ်ချို့ရှိနေတာ နဉ်ရှုတွေ့လိုက်ရသည်။ သို့သော်လည်း အဲ့ဒါ‌တွေနဲ့လဲလှယ်ဖို့ပစ္စည်းတွေကလည်း အတော်‌လေးရှားပါးသည်။

နဉ်ရှုမှာ ရတနာအများကြီးတွေ့သော်လည်း ဈေးနှုန်းကိုမြင်လိုက်ရချိန်၌ တံတွေးမြိုချရုံသာတတ်နိုင်၏။

"ဆိုင်တွေထဲကလူတွေကရော တာဝန်ထမ်းဆောင်သူတွေပဲလား?"

ဆိုင်ရှင်အတော်များများကလည်း ဝိဉာဉ်ခန္ဓာတွေနဲ့ဖြစ်မှန်း နဉ်ရှုတွေ့လိုက်ရသည်။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now