အပိုင်း ( ၄၁ ) ( Zawgyi )

Start from the beginning
                                    

“ ဘာပြောမလို့လဲ အစ်မမေမြတ် ... ကိုကို အိပ်ပျော်နေတယ် ”

ဒီကောင်လေး ပြောလိုက်တော့မှ မေမြတ်လည်း လေးဆက်တစ်ယောက် ဈာန်ရောင်ခရဲ့ပုခုံးပေါ်မှာမှီပြီး အိပ်ပျော်နေတာကို သတိထားမိသွားသည်။

“ ဘာမှတော့မဟုတ်ပါဘူး ... သူ ဗိုက်ဆာနေရင် မုန့်စားဦးမလားလို့မေးမလို့ ... သူ အိပ်နေတယ်ဆိုရင်လည်း မနှိုးနဲ့တော့ မောင်လေး ... ဒီကောင်က အိပ်ရေးမဝရင် ဂျီကျမှာ ”

အစ်မမေမြတ်ရဲ့ပြောစကားကြောင့် ဈာန်ရောင်ခ မသိမသာပြုံးလိုက်ပြီး ကိုကို့ဘက်ကို လှည့်ကြည့်ကာ ကိုကို့ရဲ့ပါးပြင်နုနုလေးကို လက်ညှိုးဖြင့် ခပ်ဖွဖွတို့ထိမိသည်။

ကိုကိုရဲ့ချစ်စရာကောင်းတဲ့အချက်လေးတွေကို လူတိုင်း သိနေပြီဗျ ... ကျွန်တော်ရဲ့ကြောင်ပေါက်စလေးရဲ့ ...

“ အချဉ်ထုတ်တွေ ယူကြဦးမလား ! ရေသန့်ဘူးတွေ ယူကြဦးမလား ! ”

ထိုစဉ် သူတို့ရထားတွဲထဲ ရောက်လာသော ဈေးသည်တစ်‌ယောက်၏ကျယ်ကျယ်လောင်လောင်အသံကြောင့် ကိုကို့ခန္ဓာကိုယ်လေးက အိပ်ပျော်နေရာမှ တစ်ချက်လှုပ်ရှားသွားကာ အသံလေးတွေ ပလုံစီကာထွက်ပေါ်လာသည်။

“ အင်း ~~~ ဘာသံတွေလဲ ”

ကိုကို့နှုတ်ဖျားမှ ထွက်ပေါ်လာသည့် အသံတိမ်တိမ်လေးကြောင့် ဈာန်ရောင်ခတစ်ယောက် ကိုကို့အား ဆွဲနမ်းချင်စိတ်တို့ကို မနည်းထိန်းချုပ်လိုက်ရသည်။ မျက်လုံးကဖြင့် မဖွင့်သေးဘဲ ဂျီကျချင်နေသည့် သူ့ရဲ့ကြောင်ပေါက်စလေး။

“ ဘာမှမဟုတ်ဘူး ကိုကို ... ဆက်အိပ် ... ဆက်အိပ် ... ”

“ အင်း ~~~ အင်း ~~~ ”

ခေါင်းလေးကို ဖွဖွလေးပုတ်ပြီး ပြန်သိပ်လိုက်တော့ တချိုးတည်းပြန်အိပ်ပျော်သွားသည့် ကိုကို။ မနိုးသွားတာ တော်သေးသည်ဟုပြောရမည်။ နို့မို့ဆိုလျှင် ကိုကိုတစ်ယောက် အိပ်ရေးမဝဖြစ်ကာ တစ်လမ်းလုံး စိတ်လက်မကြည်မသာဖြစ်နေလိမ့်မည်။

ကိုကို့ကိုလည်း သူ တကယ်အံ့ဩမိသည်။ တစ်လမ်းလုံး အိပ်လာတာ တစ်ချက်လေးမှမနိုးပေ။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now